ရှေ့သို့
Image

ရော်နယ်ဒိုဟာ ပီလီထက် ပိုကောင်းပြီး သူရဲ့ အကောင်းဆုံးတွေဟာ ထပ်လာဖို့ ရှိနေသေးတယ်လို့  ချီးကျူးလိုက်တဲ့ အေဂျင် မန်ဒက်စ်

3:01 PM, 16 October

ရော်နယ်ဒိုရဲ့ အေဂျင့် ဂျော်ဂျီ မန်ဒက်စ်က ရော်နယ်ဒိုဟာ ဂန္တ၀င်ကစားသမား ပီလီထက် ပိုကောင်းသူဟု ဂျူဗင်တပ်စ် တိုက်စစ်မှူးအား ချီးကျူး ပြောဆိုလိုက်ပါတယ်။

Tuttosport နဲ့ တွေဆုံရာတွင် မန်ဒက်စ်က ပြောရာမှာ “ရော်နယ်ဒိုက ပီလီထက် ပိုကောင်းတဲ့သူပါ။ သူ သမိုင်းတစ်လျောက် အကောင်းဆုံး ဂန္တ၀င်ကစားသမားပါ။ ဒါပေမဲ့ သူအတွက် အကောင်းဆုံးတွေ ထပ်လာဖို့ ရှိနေသေးပါတယ်။ အဲဒါတွေဟာ ဂျူဗင်တပ်စ် ၀တ်စုံနဲ့  ဖြစ်နိုင်ပါတယ်။ သင်တွေ့ ပါလိမ့်မယ်။ သူဟာ ဘရာဇီး ဂန္တ၀င်ရဲ့ ဂိုးသွင်း မှတ်တမ်းကို ချိုးဖြတ်ပါလိမ့်မယ် “ ဟု မန်ဒက်စ်က ပြောကြားသွားခဲ့ပါတယ်။

#စီးရီးအေ #ပီလီ