ရှေ့သို့
Image

ဂင်းနစ်စံချိန်တင်ပြီး မှတ်တမ်းကောင်းတစ်ခု ရယူသွားပြန်တဲ့ အာနိုးလ်

2:12 PM, 16 October

လီဗာပူးညာနောက်ခံလူ အာနိုးလ်ဟာ အသင်းမှာ အကောင်းဆုံး ခြေစွမ်းတွေ ရရှိနေသလို ယခုအချိန်မှာတော့ ဂင်းနစ်စံချိန်ကောင်းတစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

အာနိုးလ်ဟာ ယမန်နှစ်က ချန်ပီယံလိဂ်ဖလားကို ကိုင်မြောက်နိုင်ခဲ့သလို ဆီမီးဖိုင်နယ်မှာလည်း သူ့ရဲ့ ကောင်းမွန်တဲ့ ဖန်တီးမှုကနေ အိုရီဂီက အနိုင်ဂိုးသွင်းယူကာ ဘာစီလိုနာကို ကျော်ဖြတ်ပြခဲ့ပါတယ်။

အာနိုးလ်ဟာ ချန်ပီယံလိဂ် အကောင်းဆုံး အသင်းနဲ့ ပီအက်ဖ်အေ အကောင်းဆုံး အသင်းတို့မှာ ပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း လီဗာပူးအသင်းက တစ်မှတ်အကွာနဲ့ ဆုဖလားကို လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ အာနိုးလ်ဟာ ဂင်းနစ်စံချိန်ဝင်ခဲ့ကာ ဂုဏ်ယူစရာတစ်ခု ဖြစ်ခဲ့တာပါ။

အာနိုးလ်ဟာ ၂၀၁၈-၁၉ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၁၂ကြိမ် ပြုလုပ်ခဲ့ပြီး တစ်ရာသီအတွင်း ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု အများဆုံးပြုလုပ်ခဲ့တဲ့ နောက်ခံလူအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

အာနိုးလ်ဟာ ယခင်က မြို့ခံပြိုင်ဘက် အဲဗာတန် နောက်ခံလူ ဟင့်ခ်ျ်ကလစ်ဖ်နဲ့ လေတန်ဘိန်းစ်တို့ တင်ရှီထားတဲ့ ဂိုးဖန်တီးမှု ၁၁ကြိမ်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆုရယူအပြီးမှာ အာနိုးလ်က "ဒါက ဂုဏ်ယူစရာပါပဲ။ ကျွန်တော် အနာဂတ်မှာလည်း အသင်းအတွက် အခွင့်အရေးတွေ ရသလောက် ဖန်တီးပေးသွားဦးမှာ ဖြစ်ပါတယ်။ ကျွန်တော် ပေးပို့လိုက်တဲ့ ကစားသမားက ဂိုးပေါက်ထဲ ဂိုးဝင်အောင် သွင်းနိုင်ဖို့လည်း လိုပါတယ်။ ဘောလုံးက အသင်းလိုက်ကစားနည်းတစ်ခုပါ။ သူတို့သာ မရှိရင် ဒီလိုမှတ်တမ်းကောင်းတွေ ရရှိမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားခဲ့ပါတယ်။

#လီဗာပူး #အာနိုး