ရှေ့သို့
Image

တန်ဖိုးအမြင့်ဆုံး အင်္ဂလန် ကစားသမားများတွင် ဟယ်ရီကိန်း ထိပ်ဆုံးက ဦီးဆောင်နေ

1:30 PM, 16 October

Transfermarkt  က ထုတ်ပြန်လိုက်တဲ့ တန်ဖိုးအမြင့်ဆုံး  အင်္ဂလန်ကစားသမားများတွင် ဟယ်ရီကိန်းက စတာလင်၊ ရက်ရှ်ဖို့ဒ် တို့ထက် ကျော်ကာ ထိပ်ဆုံးမှာ ရှိနေကြောင်း သိရပါတယ်။

ထိပ်ဆုံး ၁၀ ယောက်တွင် မန်စီးတီးကစားသမား ၃ဦး အထိ ပါဝင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ၂ဦး ပါဝင်ခဲ့ပါတယ်။

ဆန်ချိုတစ်ဦးသာ ပရီးမီးယားလိဂ်ပြင်ပ ထွက်ကစားနေတဲ့ ကစားသမား အဖြစ် ပါဝင်ခဲ့ပြီး ဒေါ့မွန်ကြယ်ပွင့်ဟာ ယူရိုသန်း ၁၀၀ တန်ကြေး အထိ ရှိပါတယ်။

တန်ကြေးအမြင့်ဆုံး အင်္ဂလန်ကစားသမား ၁၀ဦး က အောက်ပါအတိုင်း ဖြစ်ပါတယ်

၁။ ဟယ်ရီကိန်း (တော့တင်ဟမ်)  - ယူရို သန်း ၁၅၀
၂။ စတာလင် (မန်စီးတီး) - ယူရို သန်း ၁၄၀
၃။ ဆန်ချို (ဒေါ့မွန်) - ယူရို သန်း၁၀၀
၎။ အလီ (တော့တင်ဟမ်) - ယူရို သန်း၉၀
၅။ အလက်ဇန်းဒါး အာနိုး (လီဗာပူး ) - ယူရို သန်း၈၀
၆။ ရက်ရှ်ဖို့ ဒ် (မန်ယူ) - ယူရို သန်း၈၀
၇။ မက်ဂွါယီ (မန်ယူ) - ယူရို သန်း၇၀
၈။ စတုန်းစ် (မန်စီးတီး) - ယူရို သန်း ၆၀
၉။ ဝေါ်ကာ (မန်စီးတီး) - ယူရို သန်း၅၀
၁၀။ ရွိုက်စ် (၀က်စ်ဟမ်း) - ယူရို သန်း၅၀

#ဆန်ချို #အာနိုး