ရှေ့သို့
Image

အင်္ဂလန်နှင့် ပွဲတုန်းကဖြစ်ခဲ့တဲ့ လူမျိုးရေးခွဲခြားမှုနှင့် ပတ်သက်ပြီး မေးခွန်းထုတ်လိုက်တဲ့ ဘူလ်ဂေးရီးယား နည်းပြ

10:20 AM, 16 October

ဆိုဖီယာတွင်ကစားခဲ့တဲ့ အင်္ဂလန် အသင်းအား ၆-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲတွင် လူမျိုးရေးခွဲခြားတဲ့အသံတွေကို မကြားခဲ့ရပါဘူးလို့ ဘူလ်ဂေရီးယားနည်းပြကပြောဆိုထားပြီး အင်္ဂလန်အသင်းရဲ့ ပရိသတ်တွေရဲ့ အပြုအမှုတွေက လက်ခံနိုင်စရာမရှိပါဘူးလို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။

ပွဲမတိုင်ခင်ကလည်းက အင်္ဂလန်ဟာ လူမျိုးရေးခွဲခြားမှုနှင့်ပတ်သက်ပြီး ဘောလုံးလောကတွင် ပြဿနာကြီးကြီး ရှာတက်တဲ့ အသင်းလို့ ဘယ်လာကို့ဗ်က စွပ်စွဲထားတာဖြစ်ပါတယ်။

''အားလုံးနီးပါးပြောဆိုနေကြတဲ့ လူမျိုးရေးခွဲခြားမှုကို ကျွန်တော်မကြားခဲ့ပါဘူး။ ဒိုင်လူကြီးရဲ့ ပွဲကို ရပ်တန့်လိုက်တာကိုပဲ တွေ့ခဲ့ရတာပါ '' လို့ သူက ITV သို့ပြောပါတယ်။

''ဘူလ်ဂေးရီးယားရဲ့ နိုင်ငံတော်သီချင်းကို သီဆိုနေတဲ့အချိန်မှာ အင်္ဂလန်ပရိသတ်တွေက ၀ီစီတွေမှုတ်နေပြီး အော်ဟစ်နေတဲ့ အတွက်ကြောင့် အဲ့ဒီအပြုမှုတွေက လက်ခံနိုင်စရာမရှိပါဘူးလို့ ဘူလ်ဂေးရီးယားရဲ့ ပရိသတ်တွေကိုယ်စား ကျွန်တော်ပြောချင်ပါတယ်။ ဒုတိယပိုင်းတုန်းက သူတို့တွေက ကျွန်တော်တို့ရဲ့ ပရိသတ်တွေကိုပြောဆိုခဲ့တာတွေကိုလည်း လက်မခံနိုင်ပါ ဘူး ''

''အင်္ဂလန်အသင်း ဘူလ်ဂေးရီးယားသို့ လာရောက်ကစားတိုင်း ဒီပြဿနာက ဖြစ်နေကြပါ။ လွန်ခဲ့တဲ့ ၃ ပတ် လောက်ကတည်းက ပရိသတ်တွေရဲ့ မည်သည့်ပြောဆိုသံမျှကို မကြားခဲ့ရသော်လည်း ဒါကဘောလုံးပွဲပါ ''လို့ ဘယ်လာကို့ဗ်က ပြောပါတယ်။

''ဘောလုံးပွဲတစ်ပွဲကို ကစားဖို့အတွက် ပြင်ဆင်ဖို့ လက်ခံလို့ရတဲ့ အပြုအမှုဖြစ်တယ်လို့ ကျွန်တော်မထင်ပါဘူး။ လွန်ခဲ့တဲ့ ၃ ပတ်လောက်ကတည်းက လူတိုင်းက တစ်ခုတည်းကိုသာပြောဆိုနေကြတာပါ။  ဒီအဖြစ်အပျက်တွေဟာ တကယ်သာဖြစ်ပျက်ခဲ့ရင်တော့ ကျွန်တော်တို့က အမှန်တကယ်တောင်းပန်ပါတယ်။ ဘူးလ်ဂေးရီးယားနိုင်ငံ့လက်ရွေးစင် အသင်းနှင့် ဘောလုံး အဖွဲ့ချုပ်ကလည်း ကြိုးကြိုးစားစားလုပ်ဆောင်သွားမှာ  ဖြစ်ပါတယ်''

''ဘယ်သူကမှ ဒီလိုအဖြစ်အပျက်ကို မကြည့်ချင်ပါဘူး။ ဒီကိစ္စက ကျွန်တော်တို့ရဲ့ ပွဲတွေမှာဟာ ဖြစ်ပျက်နေတာ မဟုတ်ပါဘူးဆိုတာကိုတော့ ပြောချင်ပါတယ်။ အင်္ဂလန်ရဲ့ ပွဲမှာလည်း ဖြစ်နေပါတယ်။ '' ဒီမှာရှိတဲ့ ပရိသတ်တစ်ချို့ရဲ့ ကိုယ်စားမပြောပေးနိုင်သော်လည်း ကျွန်တော်တို့က တောင်းပန်ပါတယ် ''

ရှက်ဖို့ဒ်ဟာ အင်္ဂလန်အတွက် အဖွင့်ဂိုးကိုသွင်းယူပေးခဲ့ပြီး ပွဲအပြီးနောက်မှာတော့ ဘူလ်ဂေးရီးယားအသင်းရဲ့ အသင်းခေါင်းဆောင် ပိုပို့ဗ်ရဲ့ ပထမပိုင်းတွင် ပရိသတ်များအား လူမျိုးရေးမခွဲခြားဖို့ သွားရောက်ပြောဆိုခဲ့တဲ့ အတွက်ကြောင့် ချီးကျူးမှုများ ပြုလုပ်သွားခဲ့ပါတယ်။

ပိုပို့ဗ်ဟာ လူမျိုးရေးခွဲခြားတဲ့ စကားတွေပြောဆိုနေတာကို ရပ်တန့်ပေးဖို့သွားရောက်ပြောဆိုခဲ့သော်လည်း ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင်တော့ အသင်းရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်မှုများနှင့်ပတ်သက်ပြီး ပြောဆိုမှုများကို သွားရောက်ရှင်းပြတာပါလို့ နည်းပြကပြောဆိုခဲ့ပါတယ်။

''အဲ့ဒီအတွက် ကျွန်တော့်မှာ ပြောစရာမရှိပါဘူး။ အသင်းရဲ့ စွမ်းဆောင်မှုများနှင့်ပတ်သက်ပြီး ပရိသတ်တွေက မပျော်မရွင်ဖြစ်နေတဲ့ အတွက်ကြောင့် ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်က သွားရောက်ပြောဆိုတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပရိသတ်တွေက အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ အားလုံးက ကျွန်တော့်ကိုပြောစေချင်ရင်တော့ ကျွန်တော် ပြောမှာပါ။ အခုလို လူမျိုးရေး ခွဲခြားမှုဖြစ်ခဲ့ရင်လည်း အနည်းငယ်သောလူအုပ်စုကြောင့်သာဖြစ်ခဲ့တယ်လို့ ကျွန်တော် သေချာပေါက်ပြောနိုင်ပါတယ်'' လို့ ဘူလ်ဂေးရီးယား နည်းပြကပြောကြားသွားခဲ့ပါတယ်။

#ဖီဖာ #ဘူဂေးရီးယား