ရှေ့သို့
Image

လူမျိုးရေး ခွဲခြားမှုများ ဖြစ်ပွားပြီးနောက် အင်္ဂလန်အသင်း ကစားသမားတွေ ပိုလွန်းတယ်ဟု ပြောဆိုကာ အိမ်ကွင်းပရိသတ်တွေကို ချီးကျူးလိုက်တဲ့ ဘူလ်ဂေးရီးယားဂိုးသမား အိုင်လီဗ်

9:29 AM, 16 October

စတာလင်နှင့် တိုင်ရွန်မင်းစ်တို့ဟာ ဆိုဖီယာမှာ ကစားတဲ့ ဘူလ်ဂေးရီးယားနဲ့ပွဲမှာ  အိမ်ကွင်းပရိသတ်တွေရဲ့ လူမျိုးရေး ခွဲခြားခြင်းကို ခံခဲ့ရပြီးနောက် ပွဲရဲ့တာဝန်ရှိသူတွေဟာ ပြိုင်ပွဲကို နှစ်ကြိမ်တိုင် ရပ်နားခဲ့ရပါတယ်။

အဆိုပွဲတွင် အင်္ဂလန်စတားတွေဟာ ဘူလ်ဂေးရီးယားအသင်းကို ၆-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း လူမျိုးရေး ခွဲခြားခြင်းနှင့် နာဇီပုံစံ အလေးပြုခြင်းတို့ကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ဆိုးရွားတဲ့ အပြုအမှုများ ဖြစ်ပွားခဲ့ပြီးနောက် အဖွဲ့အချုပ်ရဲ့အကြီးအကဲဖြစ်တဲ့ မိုက်ဟေလ်လို့ဗ် အား ရာထူးမှ နှုတ်ထွက်ပေးဖို့အတွက် ဘူလ်ဂေးရီးယားရဲ့ဝန်ကြီးချုပ် ဘွိုင်ကိုဘိုရီဆော့ဗ်က ခေါ်ယူ ပြောဆို ခဲ့ပါတယ်။

ဘူလ်ဂေးရီးယားနည်းပြ ဘယ်လာကို့ဗ်ကလည်း မည်သည့်လူမျိုးရေး ခွဲခြားတဲ့အသံကိုမှ မကြားခဲ့ရပါဘူးလို့ ပြောဆိုခဲ့ပြီး အိုင်လီဗ်ကပါ ထပ်လောင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

'' အရိုးသားဆုံး ပြောရရင်တော့ ပရိသတ်တွေက ဒီနေ့မှာ ကောင်းကောင်း အားပေးခဲ့ကြပါတယ်လို့ ကျွန်တော် ယုံကြည်ပါတယ် '' လို့ အိုင်လီဗ်က ပြောပါတယ်။

'' လူမျိုးရေး ခွဲခြားတာတွေကို ကျွန်တော်မကြားခဲ့ရဘဲ အင်္ဂလန် ကစားသမားတွေက လွန်လွန်ကဲကဲကို ဖြစ်နေတာပါ ''

'' ပရိသတ်တွေက ကောင်းကောင်းမွန်မွန်ပဲဖြစ်ပြီး အင်္ဂလန် ကစားသမားတွေကိုရော ကျွန်တော်တို့ကိုပါ ကြမ်း တမ်းစွာ ပြောဆိုခဲ့တာကို ကျွန်တော် မကြားခဲ့ရပါဘူး ''

ဒါပေမဲ့လည်း ဆိုဖီယာတွင် သွေးပူလေ့ကျင့်ခန်း ဆင်းနေကတည်းက လူမျိုးရေးခွဲခြားတဲ့ အသံတွေကို ကြားခဲ့ရပါတယ်လို့ တိုင်ရွန်မင်းက ပြောဆိုထားပါတယ်။

ပရိသတ်အချို့ရဲ့ လူမျိုးရေးခွဲခြားမှုကို ဒိုင်လူကြီးထံသို့ အင်္ဂလန်ကစားသမားတွေက ပြောဆိုခဲ့တဲ့အတွက် ပွဲကို ၂ ကြိမ်အထိ ရပ်နားခဲ့ရပါတယ်။

ပွဲပြီးနောက်မှာတော့ ကျွန်တော် ဘာမှ မကြားခဲ့ရဘူးလို့ ဘူလ်ဂေးရီးယားနည်းပြက ပြောဆိုခဲ့တာဖြစ်ပြီး နိုင်ငံရဲ့ဝန်ကြီးချုပ်ကတော့ ပြဿနာဖြစ်စေနိုင်တာကို လုပ်ခဲ့တာပါ လို့ ပြောခဲ့ပါတယ်။

ဘူလ်ဂေးရီးယားရဲ့အားကစားဝန်ကြီးက '' သိပ်မကြာခင်မှာပဲ ၀န်ကြီးချုပ်က ကျွန်တော့်ကို ချက်ချင်းခေါ်ခဲ့ပါ တယ် ''

'' အစိုးရက ဘူလ်ဂေးရီးယား ဘောလုံးလောက တိုးတက်ဖို့အတွက် လွန်ခဲ့တဲ့ ၄ နှစ်က လုပ်ဆောင်ပေးခဲ့တာကို  အားလုံးလည်း သိပါတယ် ''

'' မကြာသေးခင်က ဖြစ်ခဲ့တာကတော့ ဘောလုံးလောကတစ်ခုလုံးကို အရုပ်ဆိုးစေပါတယ်။ မနေ့က အဖြစ်အပျက်ပြီးနောက်မှာတော့ ဘောလုံးအဖွဲ့ချုပ် အကြီးအကဲ မိုက်ဟေလ်လို့ဗ် ရာထူးမှ မနှုတ်မထွက်မချင်း ဘဏ္ဍာရေးအပါအ၀င် ဘောလုံးအဖွဲ့ချုပ်နှင့် ပတ်သတ်သမျှကို ဒီနေ့ကစပြီး ပိတ်ပင်ဖို့ ၀န်ကြီးချုပ်က ကျွန်တော့်ကို အမိန့်ထုတ်ခိုင်းခဲ့ပါတယ် '' လို့ အားကစားဝန်ကြီးက ပြောပါတယ်။

'' ကောင်းမွန်တဲ့ လုပ်ဆောင်မှုပါ၊ လူကြီးမင်းကို ချီးကျူးပါတယ်၊ ၀န်ကြီးချုပ် ဘိုရီဆော့ဗ် '' လို့ ဘူလ်ဂေးရီးယား နဲ့ပွဲတွင် ၂ ဂိုးသွင်းယူခဲ့တဲ့ စတာလင်က လူမှုကွန်ယက်တွင် ရေးသားထားပါတယ်။

#ဘူဂေးရီးယား #ယူရို၂၀၂၀ ခြေစစ်ပွဲ