ရှေ့သို့
Image

ဆွီဒင်နဲ့ပွဲစဉ်မှာ ဒီဂီယာ တစ်ယောက် ကြွက်သားဒဏ်ရာ ရခဲ့ကြောင်း စပိန်နည်းပြ အတည်ပြု

9:14 AM, 16 October

စပိန်ဂိုးသမားဟာ ဒီဂီယာဟာ ယူရို ၂၀၂၀ခြေစစ်ပွဲစဉ် အဖြစ် ဆွီဒင်အသင်းနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ကြွက်သားဒဏ်ရာ ရရှိခဲ့ကြောင်း နည်းပြ ရောဘတ် မိုရီနိုက အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒီဂီယာဟာ ပွဲစဉ် မိနစ် ၆၀မှာ ဒဏ်ရာကြောင့် ပွဲကို ဆက်ကစားနိုင်ခြင်း မရှိတော့ပဲ ကီပါနဲ့ လူစားလဲခဲ့ရပါတယ်။

အဆိုပါ သတင်းဟာ တနင်္ဂနွေနေ့မှာ လီဗာပူးနဲ့ ကစားရမယ့် ယူနိုက်တက်အတွက်တော့ သတင်းဆိုးတစ်ခု ဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာ မိုရီနိုက "ပထမပိုင်းအပြီးမှာ ဒီဂီယာ ဆေးကုသမှု ခံယူပြီးတဲ့နောက် ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကြွက်သားနေရာမှာ ထိခိုက်မှုအနည်းငယ် ရှိခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။

စပိန်အသင်းဟာ နော်ဝေအသင်းနဲ့ သရေကျခဲ့ပြီး ဆွီဒင်နဲ့ ထပ်မံသရေကျခဲ့တာကြောင့် ယူရိုခြေစစ်ပွဲစောစောစီးစီး အောင်မြင်မယ့် အရေးနဲ့ ထပ်မံလွဲချော်ခဲ့ပြန်ပါတယ်။

မိုရီနိုကတော့ "တူညီတဲ့ ရလဒ်တွေက တစ်နေ့မှာ အောင်မြင်မှုလည်း ဖြစ်လာနိုင်သလို ကျရှုံးမှုလည်း ဖြစ်လာနိုင်ပါတယ်။ အသင်းရဲ့ ကစားပုံ၊ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကျွန်တော် ကျေနပါပါတယ်။ ဒီပွဲက ကမ္ဘာ့ဖလားမှာ အသင်းကြီးတွေကို ဖြုတ်ခဲ့တဲ့ အသင်းနဲ့ ရင်ဆိုင်ရတာကြောင့် ခက်ခဲခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး မိုရီနိုက "စပိန်လို ထပ်တန်းအသင်းမျိုးကို ကိုင်တွယ်မယ်ဆိုရင် အဆင့်မီဖို့အတွက် လိုပါတယ်။ နည်းပြဟောင်း အင်းနရစ်နဲ့ မိသားစုကို အမှတ်ရစေဖို့ ခြေစစ်ပွဲကို အောင်မြင်အောင် ကြိုးစားသွားမှာပါ"လို့ ပြောသွားခဲ့ပါတယ်။

#ဒီဂီယာ #ကီပါ #ဆွီဒင် #ယူရို၂၀၂၀ ခြေစစ်ပွဲ