ရှေ့သို့
Image

ရိုဒရီဂိုရဲ့ နောက်ကျဂိုးကြောင့် ဆွီဒင်ကို သရေကစားပြီး ခြေစစ်ပွဲအောင်ခဲ့တဲ့ စပိန်

7:47 AM, 16 October

ဆွီဒင် ၁ - ၁ စပိန် (ပွဲပြီးရလဒ်) (ယူရို၂၀၂၀ခြေစစ်ပွဲ အုပ်စု F)

စပိန်အသင်းဟာ ဆွီဒင်ကို နောက်ကနေ လိုက်ကစားခဲ့ရပြီး လူစားဝင် ကစားသမား ရိုဒရီဂိုရဲ့ နောက်ကျ အနိုင်ဂိုးဖြင် သရေ တစ်မှတ်ရကာ ယူရို ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါတယ်။

ဒါပေမဲ့ ဒီပွဲမှာ ဂိုးသမား ဒီဂီယာ ဒဏ်ရာရသွားခြင်းက လာမယ့်လီဗာပူးအသင်းနဲ့ပွဲကြပ်ရင်ဆိုင်ရမယ့် မန်ယူအသင်းအတွက် အထိနာစရာ သတင်းတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။

စပိန်အသင်းဟာ ဆွီဒင်နဲ့ပွဲမှာ လူအပြောင်းအလဲ အနည်းငယ် လုပ်ခဲ့ပြီး  တိုက်စစ်မှာ ဂျရတ် မိုရီနို၊ ဆီဘယ်လောစ့်၊ အိုရာဇာဘယ်တို့ပါလာသလို၊ ကွင်းလယ်မှာ ရူးစ်၊ ရိုဒရီ၊ အယ်ကန်တာရာ၊ နောက်တန်းမှာတော့ full backs နှစ်ယောက်ဖြစ်တဲ့ ကာဗာဂျယ်၊ ဘားနက်တို့ကို အပြောင်းအလဲ လုပ်ကာ ထည့်သွင်းလာပါတယ်။

ဆွီဒင်အသင်းကလည်း ဘာ့ဂ်၊ကွာဆင်၊ အက်ဒယ်၊ လာဆင်၊ ဖော့ဘတ်ဂ်  စတဲ့ အဓိကကစားသမားတွေနဲ့ပဲ ခင်းကျင်းလာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ပွဲဟာ မြိုင်ဆိုင်ခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက် ဂိုးရဖို့ ကြိုးစားတာမို့ ကြ့ည်ကောင်းခဲ့ပါတယ်။ အထူးသဖြင့် စပိန်အသင်းက ပိုပြီး ပထမပိုင်းမှာ အပိုင်အခွင့်အရေးတွေ ရခဲ့ပြီး အယ်ကန်တာရာ ဂိုးသမားနဲ့ အနီးကပ် တွေ့ပြီးကန်ခဲ့ပေမယ့် ဂိုးရအောင်တော့ စွမ်းဆောင်ခဲ့ခြင်း မရှိပါဘူး။

 ဒီပွဲမှာ သူဟာ ခြေစွမ်းပြတယ်လို့ယူဆရပေမယ့် မလိုအပ်ဘဲ လိမ်ခေါက်ကစားတာတွေက စပိန်အသင်း ကစားကွက် ဖော်ရခက်စေခဲ့ပါတယ်။

ပွဲချိန် ၃၃မိနစ်မှာ ဆွီဒင်ဘက်ကလည်း အပိုင်တစ်လုံး ရခဲ့ပြီး လက်စတင် ညာခြမ်းက ဖြတ်တင်ပေးတာကို ကွာဆင် အပိုင် ခေါင်းတိုက်ခဲ့ပေမယ့် ဂိုးသမား ဒီဂီယာ ပြောင်မြောက်စွာ လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ နှစ်သင်းလုံး  တိုက်စစ်ဆင်ရင်း ပထမပိုင်းပြီးခဲ့ပြီး ဒုတိယပိုင်း အစမှာ ကစားအား တင်လာတဲ့ ဆွီဒင် အသင်း ဂိုးရခဲ့ပါတယ်။

ဒါပေမဲ့ ဒီဂိုးကို အိမ်ရှင်အသင်းဟာ လွယ်ကူစွာ ရခဲ့တာ မဟုတ်ပါဘူး။ ကွာဆင်ရဲ့ ဘယ်ခြမ်းက ဖြတ်တင်မှုကို လာဆင် ထောင့်ဖြတ် အပြင်းကန်သွင်းချက်အား ဒီဂီယာ ပုတ်ထုတ်ရာကနေတစ်ဆင့် လျှံထွက်လာတဲ့ ဘောလုံးကို ဘာ့ဂ် နောက်ခံလူ ရာမို့စ်နဲ့အပြိုင် ခေါင်းတိုက်ကာ ဦးဆောင်ဂိုး ရယူသွားခဲ့တာပါ။

ဒီပွဲမှာ ဖော့ဘတ်စ် တစ်ယောက် ဂိုးဧရိယာထိပ်ကနေ လွတ်လွတ်ကျွတ်ကျွတ်  ကန်သွင်းချက်တွေ ရပေမယ့် အားပျော့နေခဲ့တာကြောင့် ဂိုးသမား ဒီဂီယာသာ ဖမ်းယူသွားတာတွေ များပါတယ်။

၅၉မိနစ်မှာ ဒီဂီယာတစ်ယောက် ဘောလုံးကန်တင်ဖို့ ကြိုးစားရင်း  ဒဏ်ရာ ရသွားခဲ့တာကြောင့် ကီပါနဲ့ လူစားလဲလိုက်ရပါတယ်။

ဒီလိုနဲ့ နှစ်သင်းလုံး  ကစားသမားအပြောင်းအလဲတွေ လုပ်ခဲ့ပြီး ပွဲချိန် ၉၀လောက်အထိ ရောက်လာကာ ဆွီဒင်အသင်းက စပိန်ရဲ့ တိုက်စစ်ကို တစ်သင်းလုံး ဆင်း ခံစစ်ပိတ်ဆော့ နေမှုကြောင့် ၁-၀ အနေအထားနဲ့ဘဲ ပွဲပြီးသွားမယ် ထင်မှတ်ခဲ့တာပါ။


 ဒါပေမဲ့ နာကျင် အချိန်ပို ၉၂မိနစ်မှာတော့ ရူစ်ရဲ့ ထောင့်ကန်ဘောကနေ ရိုဒရီဂို ညာခြမ်းမှာ လွတ်လွတ်ကျွတ်ကျွတ် ရသွားကာ ရူတ်နေတဲ့ ကြားက အပြင်းထောင့်ဖြတ် ကန်သွင်းသွားလို့ဆွီဒင် အသင်း ဘယ်လိုမှ မတတ်နိုင်ဘဲ ချေပဂိုး ပေးလိုက်ရပြီး  ပွဲအပြီးမှာ ၁ဖက် တစ်ဂိုးစီနဲ့သာ သရေကျခဲ့ပါတယ်။

သရေတစ်မှတ် ရခဲ့တာကြောင့် စပိန်အသင်းဟာ ၈ပွဲကစား ၆ပွဲနိုင် ၂ပွဲသရေ ရမှတ် ၂၀ဖြင့် အုပ်စု ပထမနေရာ ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ခဲ့ပါတယ်။

ဆွီဒင်အသင်းကတော့ ၈ပွဲကစား ၄ပွဲနိုင် ၃ပွဲသရေ ၁ပွဲ ရှုံး ရမှတ် ၁၅မှတ်ဖြင့် အုပ်စု ဒုတိယနေရာမှာ ရှိနေပေမယ့် အောက်က ရိုမေးနီးယားကလည်း ရမှတ် ၁၄မှတ် ရှိတာမို့ တိုက်ရိုက်အောင်ဖို့အတွက် လက်ကျန်ပွဲတွေမှာ အမှားခံလို့မရတဲ့ အနေအထား ဖြစ်သွားပါတယ်။


ဒီပွဲမှာ စပိန်အသင်းရဲ့ ကန်သွင်းချက် အတော်များများကို ကာကွယ်ခဲ့တဲ့ ဆွီဒင် ဂိုးသမား အိုလ်ဆင်ကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။


ဆွီဒင်အသင်းအတွက် ပါဝင်ကစားကြသူများ - အိုလ်ဆင်၊ လက်စတင်၊ ဂရန်ဗစ်၊ လင်ဒီလော့ဖ်၊ ဘင်စတန်၊လာဆင်၊ အိုလ်ဆင်၊ အက်ဒယ်၊ ဖော့ဘတ်စ်၊ ကွာဆင်၊ ဘာ့ဂ်


စပိန်အသင်းအတွက် ပါဝင်ကစားကြသူများ  - ဒီဂီယာ၊ ဘားနက်၊ မာတီနက်ဇ်၊ အယ်ဘီယို၊ ကာဗာဂျယ်၊ ရူစ်၊ ရိုဒရီ၊ အယ်ကန်တာရာ၊ စီဘယ်လော့စ်၊မိုရီနို၊ အိုယာဇာဘယ်



#ယူရို၂၀၂၀ ခြေစစ်ပွဲ