ရှေ့သို့
Image

ယူနိုက်တက်နည်းပြဖြစ်လာပါက အီဗရာကို နည်းပြအဖွဲ့ ဝင်တစ်ဦးအဖြစ် အလိုရှိနေတဲ့ အယ်လီဂရီ

5:17 PM, 15 October

ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီကတော့ ယူနိုက်တက်အသင်းနည်းပြဖြစ်လာပါက ယူနိုက်တက်နောက်ခံလူဟောင်း အီဗရာကို အသင်းထံခေါ်ယူလိုနေပါတယ်။

အီဗရာဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိယူနိုက်တက်မှာကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၅ ကြိမ် ၊ ချန်ပီယံလိဂ် ၁ ကြိမ်ရယူနိုင်ခဲ့ကာ အိုးထရက်ဖို့ဒ်မြေကိုပြန်လာဖို့အလိုရှိနေပါတယ်။

နည်းပြ အယ်လီဂရီကိုတော့ စပါးအသင်းကလည်းခေါ်ယူဖို့စိတ်ဝင်စားနေပြီး ယူနိုက်တက်အသင်းနဲ့အပြိုင်ခေါ်ယူရဖွယ်ရှိနေပါတယ်။

ဝါရင့် နောက်ခံလူ အီဗရာကတော့ အင်္ဂလန်မြေမှာအောင်မြင်မှုတွေဝေးကွာနေတဲ့ အသင်းဟောင်းကို ပြန်လည်ဦးမော့ဖို့အတွက် ကူညီလိုနေပါတယ်။

အီတလီသား နည်းပြကြီးဟာ  ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အသင်းနဲ့လမ်းခွဲလာခဲ့တာဖြစ်ကာ လက်ရှိအချိန်မှာတော့ ယူနိုက်တက်နည်းပြ ရာထူးအတွက် ရေပန်းစားလာတာဖြစ်ပါတယ်။

နောက်ခံလူ အီဗရာ နဲ့ အယ်လီဂရီတို့ဟာ ဂျူဗင်တပ်စ်အသင်းမှာ လက်တွဲခဲ့ဖူးတာဖြစ်ပြီး  စီးရီးအေ ချန်ပီယံဆု ၂ ကြိမ်ရယူနိုင်ခဲ့ပါတယ်။

အယ်လီဂရီကတော့ ယူနိုက်တက်အသင်းနည်းပြဖြစ်ခဲ့ပါက အင်္ဂလန်ဘောလုံးအကြောင်းကို နောကြေထားတဲ့ နောက်ခံလူ အီဗရာကိုအသင်းထံပြန်လည်ခေါ်ယူဖို့အလိုရှိနေပါတယ်။

ထို့အပြင် သူ့ရဲ့လက်တွဲဖော်ဟောင်းဖြစ်တဲ့ မာကို လန်ဒူဆီကိုလည်း အိုးထရက်ဖို့ဒ်ကို ခေါ်ယူဖို့ပြင်ဆင်နေပါတယ်။

နောက်ခံလူ အီဗရာဟာ မကြာသေးခင်က စပါးအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ချန်ပီယံလိဂ်ပွဲစဉ်ကို လာရောက်ကြည့်ရှု ခဲ့ပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ ဘူဖွန်ရဲ့အေးဂျင့်ဖြစ်သူ မာတီနာက ဂျူဗင်တပ်စ်နည်းပြဟောင်းဟာ အင်္ဂလန်မြေကို အခြေချဖို့ စိတ်ဝင်စား နေတယ်လို့ အတည်ပြု ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အယ္လီဂရီ #အီဗရာ