ရှေ့သို့
Image

ရော်နယ်ဒိုရဲ့အထက်မှာရပ်တည်နေတဲ့ ဂန္တ၀င်ဂိုးသွင်းရှင် ၅ ဦး

5:03 PM, 15 October

တိုက်စစ်မှူး ရော်နယ်ဒိုအတွက်တော့ ဒီနေ့က အောင်ပွဲခံရမယ့်နေ့တစ်နေ့ဖြစ်ပြီး မွေးနေ့ကြောင့်မဟုတ်ပဲ ယူကရိန်းနဲ့ပွဲမှာ သွင်းဂိုး ၇၀၀ ပြည့်ခဲ့တာကြောင့်ဖြစ်ပါတယ်။

ပေါ်တူရီသားဟာ သွင်းဂိုး  ၇၀၀ ကိုပွဲပေါင်း  ၉၇၄ ပွဲမှာ သွင်းယူခဲ့တာဖြစ်ကာ အဲ့ထဲကမှ ၄၅၉ ဂိုးကို မတူညီတဲ့ပြိုင်ပွဲ ၁၂ ခုမှာသွင်းယူခဲ့ပြီး ပျှမ်းမျှ ၁၁၂ မိနစ်မှာ ၁ ဂိုးနှုန်းသွင်းယူခဲ့ပါတယ်။

သူဟာ စပို့တင်းအသင်းမှာ ၃၁ ပွဲကစား  ၅ ဂိုး ၊ ယူနိုက်တက်မှာ ၂၉၂ ပွဲကစား ၁၁၈ ဂိုး ၊ ရီးရဲလ်မှာ ၄၃၈ ပွဲကစား ၄၅၀ ဂိုး နဲ့ ဂျူဗင်တပ်စ်မှာ ၅၁ ပွဲကစား  ၃၂ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

သွင်းဂိုး  ၇၀၀ ပြည့်ခဲ့တဲ့ရော်နယ်ဒိုကတော့ ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် အဆင့် ၆ နေရာမှာရပ်တည်ခဲ့ပြီး သူ့ရဲ့အထက်မှာတော့ ဂန္တ၀င်ကစားသမား ၅ ဦးရပ်တည်နေကာ ထိပ်ဆုံးမှာ ဂျိုးဇက် ဘိုင်စကန်က သွင်းဂိုး ၈၀၅ ဂိုးနဲ့ရပ်တည်နေပါတယ်။


ဒုတိယနေရာမှာတော့ ရိုမာရီယိုက ၇၇၂ ဂိုး ၊ ပီလီက ၇၆၇ ဂိုး ၊ ပွတ်ရှ်ကပ်က ၇၄၆ ဂိုး ၊ ဂရတ် မူလာက ၇၃၅ ဂိုး ၊ လက်ရှိ ရော်နယ်ဒိုက သွင်းဂိုး ၇၀၀ နဲ့ရပ်တည်နေပါတယ်။

တိုက်စစ်မှူး ရော်နယ်ဒိုက လက်ရှိမှာအသက် ၃၄ နှစ်ရှိနေပြီး ထိပ်ဆုံးနေရာက ဘိုင်စကန်နဲ့ ၁၀၅ ဂိုးသာကွာဟတာကြောင့် သူ့အတွက်အခွင့်အရေးရှိနေတာဖြစ်ပါတယ်။

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကတော့ ပွဲပေါင်း ၈၂၃ ပွဲမှာ သွင်းဂိုး ၆၇၂ ဂိုးသာသွင်းယူထားခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #စပို့တင်း