ရှေ့သို့
Image

စံချိန်တွေချိုးနိုင်ဖို့ အစွဲအလန်းမရှိဘဲ အဲဒီမှတ်တမ်းတွေကသာ သူ့နောက်လိုက်လာတာလို့ ရော်နယ်ဒို အခိုင်အမာဆို

2:48 PM, 15 October


ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်ဒိုက မိမိအနေနဲ့ စံချိန်တွေ ချိုးဖျက်ဖို့အတွက် အစွဲအလန်း မရှိဘဲ အဲဒီစံချိန်မှတ်တမ်းတွေကသာ မိမိနောက် လိုက်လာတာဖြစ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ယူကရိန်းကို ၂-၁ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းအတွက် တစ်လုံး တည်းသောဂိုးအဖြစ် ဒုတိယပိုင်းမှာ ပင်နယ်တီကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။


ပေါ်တူဂီ အသင်းအနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပထမဆုံး အရှုံးနဲ့ ရင်ဆိုင်ခဲ့ရလို့ ရော်နယ်ဒိုအတွက်တော့ သူ့စံချိန်က အကောင်းအဆိုး ရောပြွန်းခဲ့ရပါတယ်။

'' ဒီမှတ်တမ်းကို ဘယ်သူမဆို တင်နိုင်မှာ မဟုတ်ပါဘူး။ ယနေ့ လက်ရှိဒီလို ပုံစံမျိုးဖြစ်လာအောင် ကူညီ ပေးခဲ့ကြတဲ့ အသင်းဖော်တွေ၊ လုပ်ဖော်ကိုင်ဘက်တွေနဲ့ နည်းပြတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

အနိုင်မရခဲ့လို့ စိတ်ပျက်မိပေမယ့် အသင်းရဲ့ကြိုးစား အားထုတ်မှုအတွက် ဂုဏ်ယူမိပါတယ် ''

လို့ ရော်နယ်ဒိုက ပြောပါတယ်။


သူ့ရဲ့ပုဂ္ဂိုလ်ရေး ဆိုင်ရာအောင်မြင်မှုနဲ့ပတ်သက်လို့ ရော်နယ်ဒိုက

''ကျွန်တော့်မှာ စံချိန်တွေ ဘယ်လောက် ရှိနေပြီလဲဆိုတာ မသိပါဘူး။ အဲဒီကာလတွေကို ပျော်ရွှင်စွာနဲ့ဖြတ်သန်း မှာဖြစ်ပြီး ဒီလိုစံချိန် တင်ဖို့ ကူညီ ပေးခဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

ဒီကွင်းမှာ နောက်ဆုံး ကစားခဲ့တဲ့တုန်းက ချန်ပီယံလိဂ် ဖလား ရခဲ့ပါတယ်။ ပျော်စရာကောင်းတဲ့အဲဒီကာလက အတိတ်ဖြစ်သွားပါပြီ။ စံချိန်တွေက သဘာဝ အလျှောက်ဖြစ်လာတာပါ။

ကျွန်တော်က စံချိန်တွေ တင်နိုင်ဖို့ အစွဲအလန်းမရှိဘဲ အဲဒီမှတ်တမ်းတွေကသာ ကျွန်တော့်နောက် လိုက်လာတာပါ။ အစွဲအလန်းမရှိဘဲ သူ့ဘာသာသူ သဘာဝအလျှောက် ဖြစ်လာတာပါ''

လို့ ပြောကြားသွားပါတယ်။





#ယူရို၂၀၂၀ ခြေစစ်ပွဲ