ရှေ့သို့
Image

ဘူလ်ဂေးရီးယားနဲ့ပွဲစဉ်က လူမျိုးရေးခွဲခြားမှုတွေအပေါ် အသင်းသားတွေရဲ့ တုံ့ပြန်မှုကို ဆောက်ဂိတ်ဂုဏ်ယူနေ

9:14 AM, 15 October

အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ဘူလ်ဂေးရီးယားကို ၆-၀ဖြင့် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးခွဲခြားမှုတွေအပေါ် အသင်းသားတွေရဲ့ တုံ့ပြန်မှုကို ဂုဏ်ယူလျက် ရှိနေပါတယ် ဘာကလေ၊ စတာလင်၊ ဟယ်ရီကိန်း၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ ဂိုးတွေနဲ့အတူ အင်္ဂလန်အသင်းက ဂိုးပြတ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘူလ်ဂေးရီးယား ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားတဲ့ အော်ဟစ်မှုတွေကြောင့် ပွဲကို ၂ကြိမ်တိုင် ရပ်နားခဲ့ရပြီး နောက်ခံလူ တိုင်ရွန်မင်းစ်အနေနဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်မှုပြုလုပ်ကာ အသင်းခေါင်းဆောင် ဟယ်ရီကိန်းကလည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရပပါတယ်။ လူခြုံရေးတွေက ပထမပိုင်းမပြီးခင်မှာပဲ လူမျိုးရေးခွဲခြားခဲ့တဲ့ ပရိသတ်တွေကို ကွင်းထဲကနေ ထုတ်ပယ်ခဲ့ပါတယ်။

ပွဲအပြီးမှာ ဆောက်ဂိတ်က

"တာဝန်ရှိသူတွေ လျင်လျင်မြန်မြန် ဒီကိစ္စကို ဖြေရှင်းခဲ့တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ အသံတွေကြားရတိုင်း သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ စတုတ္ထဒိုင်နဲ့ ကွင်းလယ်ဒိုင်ကိုလည်း အမြဲဆက်သွယ်မှုတွေ ရှိခဲ့ပါတယ်။ အသင်းသာတွေနဲ့ရော အဆက်အသွယ်ရှိခဲ့ပါတယ်။

ဒီကိစ္စက လက်မခံနိုင်စရာကိစ္စပါ။ ပွဲက ၂ခါလောက် ရပ်နားခဲ့ရပြီး လူအချို့အတွက် ဒါက မလုံလောက်ဘူးလို့ ထင်ရပေမဲ့ ဒီအတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်"

လို့ ပြောခဲ့ပါတယ်။

စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာတော့ ဆောက်ဂိတ်က အခုလို လူမျိုးရေးခွဲခြားခံရရင် တုံ့ပြန်ဖို့အတွက် ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

ဆောက်ဂိတ်က

"အသင်းသားတွေနဲ့ ၀န်ထမ်းတွေရဲ့ လုပ်ဆောင်ချက်အပေါ် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ဒီပွဲအတွက် ကျွန်တော်တို့ ကွင်းတွင်းရော ကွင်းပြင်အတွက်ပါ လေ့ကျင့်ထားပါတယ်။ ပွဲအတွင်းမှာ တစ်ခုခုဖြစ်လာရင် စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းသွားခဲ့တာါ။ အသင်းသားတွေလည်း အကောင်းဆုံး ထောက်ပံ့မှုရခဲ့ပါတယ်"

လို့ ပြောသွားခဲ့ပါတယ်။


#ဘူဂေးရီးယား #ယူရို၂၀၂၀ ခြေစစ်ပွဲ