ရှေ့သို့
Image

ရိန်းဂျားအသင်းမှာ စွမ်းဆောင်ရည်ကောင်းနေတဲ့ နည်းပြ ဂျရတ်ကို ဘက်ဆစ်တပ်အသင်းအလိုရှိနေ

11:47 AM, 12 October

ရိန်းဂျားအသင်းနည်းပြ စတီဗင်ဂျရတ်ကို တူရကီကလပ် ဘက်ဆစ်တပ်အသင်းက အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ကာ ချဉ်းကပ်လျက် ရှိနေတယ်လို့ သိရပါတယ်။ Bein Sportရဲ့အဆိုအရ ရိန်းဂျားတာဝန်ရှိသူတွေဟာ ဘက်ဆစ်တပ်အသင်းရဲ့ ဂျရတ်အပေါ် စိတ်ဝင်စားမှုကို သိရှိပြီးဖြစ်တယ်လို့ သိရပါတယ်။
လီဗာပူး ဂန္တ၀င် ဂျရတ်ဟာ ၂၀၁၈ခုနှစ်က ရိန်းဂျားကို ရောက်ရှိလာတာဖြစ်ပြီး ယမန်နှစ်က စကော့တလန်လိဂ်မှာ အဆင့်၂နေရာ ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ယခုနှစ်ရာသီမှာလည်း ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေနဲ့ ဇယားထိပ်ဆုံးမှာ ရပ်တည်လျက် ရှိနေပါတယ်။
ဒါပေမဲ့ ဘက်ဆစ်တပ်အသင်းရဲ့ စိတ်ဝင်စားမှု ပြသလာချိန်မှာတော့ ရိန်းဂျားအသင်းအနေနဲ့ သူတို့ရဲ့ နည်းပြကို ဆုံးရှုံးရဖွယ် ရှိနေပါတယ်။ တူရကီ ဘောလုံးရေးရာ ကျွမ်းကျင်သူ မီမက် ဒီမီရိုင်းရဲ့အဆိုအရ ဘက်ဆစ်တပ်အသင်းဟာ သူတို့ရဲ့ ဥက္ကဌအသစ်ကို ခန့်အပ်ဖို့ ရှိနေပြီး နည်းပြ အက်ဘ်ဒူလာ အက်စီကို ထုတ်ပယ်သွားဖို့ ရှိနေပါတယ်။ အက်စီရဲ့ နေရာကို ဆက်ခံဖို့အတွက် ဂျရတ်က အဓိက ပစ်မှတ်ဖြစ်တယ်လို့ ဒီမီရိုင်းက ရှင်းပြခဲ့ပါတယ်။
သူက "ကျွန်တော် ဥက္ကဌသစ်ဖြစ်လာမယ့် အာမက် နာ စီဘီက မတူညီတဲ့ နည်းပြတစ်ဦးကို ခန့်အပ်ဖို့ ရှိနေပါတယ်။ ဂျရတ်ကို ခေါ်ယူဖိုအတွက် ဆွေးနွေးနေပါတယ်။ အလားတူ ဆာဂျန် ယယ်ဆင်ကလည်း အစ်စီကို ထုတ်ပယ်နိုင်ပါတယ်"လို့ ပြောခဲ့ပါတယ်။
ဘက်ဆစ်တပ်အသင်းဟာ လက်ရှိမှာ ရလဒ်တွေဆိုးရွားနေပြီး တူရကီ စူပါလိဂ်မှာ အဆင့်၁၂နေရာကို ရောက်ရှိနေခဲ့ပါတယ်။  ယူရိုပါလိဂ်မှာလည်း ၀ုဗ်နဲ့ ဆလိုဗန်တို့ကို ၂ပွဲဆက်တိုက်ရှုံးနိမ့်ထားခဲ့ပါတယ်။

#ရိန်းဂျားစ်