ရှေ့သို့
Image

“အက်သလက်တီကိုမက်ဒရစ်ကနေ စွန့်ခွာရတာက မလွယ်ကူခဲ့ပါဘူး” ရိုဒရီ

11:41 AM, 12 October

ပြီးခဲ့တဲ့နွေရာသီ မန်စီးတီးအသင်းထံပြောင်းရွှေ့ခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းကွင်းလယ်ကစားသမား ရိုဒရီကတော့ အသင်းဟောင်းကိုစွန့်ခွာရတာ မလွယ်ကူခဲ့ဘူးလို့ ၀န်ခံပြောကြားလိုက်ပါတယ်။
အဆိုပါကွင်းလယ်ကစားသမားဟာ နည်းပြ ဆီမြွန်နီရဲ့လက်အောက်မှာပုံစံကောင်းတစ်ရပ်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။
အဲ့နောက်မှာတော့ စီးတီးအသင်းဟာ ကွင်းလယ်လူ ဖာနန်ဒင်ဟိုနေရာအတွက် အဆိုပါကွင်းလယ်လူကို ပေါင် ၇၀ သန်းနဲ့ခေါ်ယူခဲ့ပါတယ်။
“တီကိုကနေထွက်ခွာဖို့ ဆုံးဖြတ်ချက်ချရတာက လွယ်ကူတဲ့ကိစ္စတစ်ရပ်မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တီကိုမှာပျော်ရွှင်ခဲ့ပါတယ်။ မိသားစုတွေကလည်း အဲ့မှာရှိနေတာပါ။ မလွယ်ကူတဲ့ကိစ္စတစ်ရပ်ပါ”လို့ ရိုဒရီက ဆိုပါတယ်။
“အရမ်းကိုခက်ခဲတဲ့ကိစ္စတစ်ရပ်ပါ။ ဒါပေမယ့် ကျွန်တော့်အတွက် ဘုရားသခင်ပေးတဲ့အခွင့်အရေးကို လက်မလွှတ်ချင်တဲ့အတွက် ဆုံးဖြတ်ချက်ချခဲ့တာပါ”လို့ ရိုဒရီက ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #ရိုဒရီ