ရှေ့သို့
Image

အဲရစ်ဆင်ကို ဇန်န၀ါရီအပြောင်းအရွှေ့မှာပဲရောင်းချဖို့ပြင်ဆင်နေတဲ့ စပါး

5:44 PM, 11 October

စပါးအသင်းဟာ လာမယ့်နွေရာသီမှာ အလွတ်နဲ့လက်လွှတ်ရမှာ စိုးရိမ်တာကြောင့် ကွင်းလယ်ကစားသမား အဲရစ်ကို ဇန်န၀ါရီအပြောင်းအရွှေ့မှာပဲရောင်းချဖို့မျှော်လင့်နေပါတယ်။

ဒိန်းမတ်သားလက်ရှိစပါးအသင်းမှာ မပျော်ရွှင်တော့ပဲ အသင်းကနေထွက်ခွာဖို့အလိုရှိနေတာဖြစ်ပါတယ်။

စပါးအသင်းကတော့ အဲရစ်ဆင်ကိုနွေရာသီအပြောင်းအရွှေ့တုန်းက ပေါင် ၁၀၀ သန်းနဲ့ ရီးရဲလ်အသင်းထံရောင်းချဖို့ပြင်ဆင်ခဲ့ပေမယ့် နောက်ဆုံးမှာ အသင်းမှာဆက်ရှိနေခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်အသင်းနည်းပြ ဇီဒန်းကတော့ ယူနိုက်တက်အသင်းကွင်းလယ်လူ ပေါ့ဂ်ဘာကိုသာခေါ်ယူချင်တာကြောင့် စပါးကွင်းလယ်လူ အဲရစ်ဆင်ကိုစိတ်ဝင်စားခြင်းမရှိတာပါ။

ဒါကြောင့် လာမယ့်ဇန်န၀ါရီအပြောင်းအရွှေ့မှာ စပါးအသင်းဟာ အဲရစ်ဆင်ကိုအလွတ်နဲ့ဆုံးရှုံးရတာထက် ပြောင်းရွှေ့ကြေးတစ်ခုခုနဲ့ရောင်းချဖို့အလိုရှိနေတာဖြစ်ပါတယ်။

သတင်းတွေအရတော့ ရီးရဲလ်အသင်းဟာ ပေါ့ဂ်ဘာကိုခေါ်ယူဖို့မဖြစ်နိုင်တာကြောင့် လာမယ့် ဇန်န၀ါရီမှာ အဲရစ်ဆင်ကိုခေါ်ယူဖို့ပြန်လည်ကြိုးပမ်းသွားဖွယ်ရှိနေပါတယ်။

စပါးအသင်းကတော့ အဆိုပါဒိန်းမတ်သားကို စာချုပ်သစ်ချုပ်ဆိုဖို့ကြိုးပမ်းခဲ့ပေမယ့် အဲရစ်ဆင်ကတော့ စွန့်စားမှုအသစ်လိုချင်တာကြောင့် အသင်းကနေထွက်ခွာဖို့ပဲဆန္ဒရှိနေပါတယ်။

#စပါး #အဲရစ်ဆင်