ရှေ့သို့
Image

ရုရှားကို ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် ရှုံးထွက်အဆင့် ကန်ရတော့မယ့် စကော့တလန်

1:12 PM, 11 October

ရုရှား ၄ - ၀ စကော့တလန် (ပွဲပြီးရလဒ်) (ယူရို ၂၀၂၀ခြေစစ်ပွဲ အုပ်စုI)

ယူရို၂၀၂၀ခြေစစ်ပွဲအဖြစ် အုပ်စု Iမှာတော့ စကော့တလန်အသင်းဟာ အိမ်ရှင်ရုရှားအသင်းကို အဝေးကွင်းမှာ ၄ဂိုးပြတ် မရူမလှ ဂိုးပြတ် အရေးနိမ့်ခဲ့တာကြောင့် play-offs ကစားရမယ့် အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ရုရှားတိုက်စစ်မှူး ဒီဇူးဘား ခြေစွမ်းပြ ဂိုး  နှစ်ဂိုး သွင်းယူခဲ့ပြီး အနိုင်  ၃မှတ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

စကော့တလန်ဟာ ရုရှားအသင်းကို ပထမပိုင်းနဲ့  ဒုတိယပိုင်း မိနစ် ၅၀ကျော်အထိ သူတစ်ပြန် ကိုယ်တစ်ပြန် ကစားနိုင်ခဲ့သော်လည်း နောက်ပိုင်းမှာ အိမ်ရှင်အသင်းရဲ့ တိုက်စစ်ကို ဟန့် တားနိုင်စွမ်း မရှိတော့ဘဲ ဂိုးတွေ ဆက်တိုက်ပေးခဲ့ရတာ ဖြစ်ပါတယ်။

ရုရှားကစားသမား အော့ဒေါ့ဗ်ရဲ့ အဝေးကန်ချက်က တကယ့်ကို လှပခဲ့တာ တွေ့ ရပြီး ပွဲစဉ်ရဲ့ အကောင်းဆုံး ဂိုးတစ်ဂိုးလို့ တောင် သတ်မှတ်ရမလို့ ပါပဲ။ နောက်ဆုံးပိတ် ဂိုးမှာလည်း ဂိုလိုဗင် ၊ တိုက်စစ်မှူး ဒီဇူးဘားနဲ့  ၀မ်းတူးရိုက်ပြီး ထောင့်ဖြတ်ကန်သွင်းချက်ကလည်း အဆင့်မြင့်တဲ့ သွင်းဂိုးတစ်ဂိုး ဖြစ်ခဲ့ပါတယ်။

အနိုင်ရလဒ်ကြောင့် ရုရှားဟာ အုပ်စု I မှာ ၇ပွဲကစား နိုင်ပွဲ ၆ပွဲနဲ့  ရှုံးပွဲ ၁ပွဲ ရှိပြီး ရမှတ် ၁၈မှတ်နဲ့ ဘယ်ဂျီယံအသင်းရဲ့ နောက်  အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေတာမို့  အုပ်စုတက်ဖို့  အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

စကော့တလန်ကတော့ ၇ပွဲကစား နိုင်ပွဲ၂ပွဲ ရှုံးပွဲ ၅ပွဲအထိ ရှိကာ ရမှတ် ၇မှတ်သာ ရထားပြီး စတုတ္ထနေရာမှာ ရပ်တည်နေသလို play-offs ကစားသွားရဖို့ ကိုလည်း လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းရဖို့  ကြိုးစားရဖွယ် ရှိနေပါတယ်။
ရုရှားဟာ လာမယ့်ပွဲစဉ်မှာ ဆိုက်ပရပ်စ်နဲ့  ရင်ဆိုင်သွားရမှာ ဖြစ်ပြီး စကော့တလန်ကတော့ ဆန်မာရီနိုအသင်းနဲ့  တွေ့ ဆုံနေပါတယ်။

#စကော့တလန် #ယူရို၂၀၂၀ ခြေစစ်ပွဲ