ရှေ့သို့
Image

ဆန်ချိုတစ်ယောက်လာမယ့် ၂ ရာသီအတွင်းအသင်းကထွက်ခွာနိုင်တယ်လို့ ဒေါ့မွန်နည်းပြ၀န်ခံ

12:11 PM, 11 October

ဒေါ့မွန်အသင်းလက်ထောက်နည်းပြ ဂျော့ခ်ျ ဟင်းနရစ်ကတော့ တောင်ပံကစားသမား ဆန်ချိုဟာ လာမယ့် ၂ရာသီအတွင်း အသင်းကနေထွက်ခွာဖွယ်ရှိနေတယ်လို့ ၀န်ခံပြောကြားလိုက်ပါတယ်။

“ဆန်ချိုက ဥရောပရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးပါ။ အဲ့အတွက်ကြောင့် သူ့ကိုအသင်းမှာဆက်ထိန်းထားနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး”လို့ သူကဆိုပါတယ်။

“ဥရောပရဲ့အထွန်းတောက်ဆုံးကစားသမားတစ်ဦးကိုအသင်းတွေက လိုချင်နေကြတာပါ။ ကျွန်တော်တို့နောက်ထပ် ၁ ရာသီ ၂ ရာသီလောက်ဆက်ထိန်းနိုင်မယ်လို့ထင်ပါတယ်။ အဲ့ထက်တော့ ပိုထိန်းနိုင်မှာမဟုတ်ပါဘူး”လို့ ဟင်းနရစ်ကပြောပါတယ်။

ဆန်ချိုဟာ ဒီရာသီမှာလည်း ဒေါ့မွန်နဲ့အတူ ပုံစံကောင်းတွေပြသနေပြီး အသင်းအတွက် ၃ ဂိုးသွင်း ၆ ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒေါ့မွန်ကတော့ ဘွန်ဒက်လီဂါအမှတ်ပေးဇယားမှာ အဆင့် ၈ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

“ဒီရာသီကျွန်တော်တို့ပစ်မှတ်အရမ်းမြင့်မားပါတယ်။ ဒီနှစ်မှာ လိဂ်ဖလားရယူဖို့အတွက်ပြင်ဆင်နေပါတယ်။ အဲ့အတွက်လည်း အကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။
 မကြာခင်မှာတော့ ဆုဖလားနဲ့နီးစပ်မယ်လို့ထင်ပါတယ်”လို့ ဟင်းနရစ်က ပြောကြားခဲ့ပါတယ်။
#ဆန်ချို