ရှေ့သို့
Image

ယူ-၁၆အဆင့်မှာကတည်းက မေဆင်မောင့်ကို သဘောကျခဲ့တာဖြစ်ကြောင်း ဆောက်ဂိတ်ဖွင့်ဟ

10:54 AM, 11 October

ချဲလ်ဆီးလူငယ်ကစားသမား မေဆင်မောင့်ဟာ ယနေ့ညကစားရမယ့်ချက်အသင်းနဲ့ပွဲမှာ အင်္ဂလန်အသ်းအတွက် ပထမဆုံးပွဲထွက်အဖြစ် ပါဝင်ခွင့်ရဖွယ်ရှိနေပြီး အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က မိမိအနေနဲ့ မေဆင်မောင့်ကို ယူ-၁၆အဆင့်မှာကတည်းက သဘောကျနှစ်ခြိုက်ခဲ့တာဖြစ်ကြောင်း ပြောကြားပါတယ်။ အသက် ၂၀အရွယ်ရှိ မေဆင်မောင့်ဟာ နည်းပြလမ်းပတ်လက်ထက် သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ရာသီမှာ အထူးခြေစွမ်းပြနေပြီး ယမန်နှစ်ရာသီကလည်း ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းမှာ နည်းပြလမ်းပတ်နဲ့အတူ လက်တွဲခဲ့တာပါ။

မေဆင်မောင့်ဟာ ပရီးမီးယားလိဂ် ၈ပွဲကစားပြီးချိန်မှာ ၄ဂိုးသွင်းယူထားပြီး အင်္ဂလန်အသင်းအတွက်လည်း လူစားဝင်ကစားသမားအဖြစ် ၂ပွဲကစားခွင့်ရရှိထားပါတယ်။ ယခုအခါ ဆောက်ဂိတ်က မေဆင်မောင့်ကို အခွင့်အရေးပေးတော့မှာဖြစ်ပေမယ့် သူ့အနေနဲ့ တစ်ညတည်းနဲ့ အောင်မြင်မှုရရှိမှာမဟုတ်ကြောင်း သတိပေးပါတယ်။ 

''သူက အရည်အသွေးရှိတဲ့ကစားသမားတစ်ဦးဖြစ်ပြီး သူ့ကို လူငယ်အဆင့်မှာကတည်းက စောင့်ကြည့်လာတာဖြစ်လို့ သူ့ရဲ့လက်ရှိခြေစွမ်းအပေါ် ကျွန်တော်အများကြီးမအံ့သြပါဘူး''လို့ ဆောက်ဂိတ်က ပြောပါတယ်။

မေဆင်မောင့်ဟာ ချဲလ်ဆီးအသင်းဖော်တွေဖြစ်တဲ့ တိုက်စစ်မှူး အေဘရာဟမ်၊ နောက်ခံလူ တိုမိုရီတို့နဲ့အတူ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရပြီး ဆောက်ဂိတ်က လူငယ်ကစားသမားတွေ ချဲလ်ဆီးအကယ်ဒမီကနေ အကောင်းဆုံးပေါ်ထွက်လာတာကို မြင်တွေ့ရလို့ ပျော်ရွှင်မိကြောင်းဆိုပါတယ်။

#ယူရို၂၀၂၀ ခြေစစ်ပွဲ #အေဘရာဟမ် #မေဆင်မောင့် တိုမိုရီ