ရှေ့သို့
Image

Tactical Fouls တွေ ဘယ်လိုလုပ်ရသလဲဆိုတာကို လေ့လာသင်ယူနေရတယ်လို့  မန်စီးတီး ကွင်းလယ်လူ ရိုဒရီ ထုတ်ဖော်

10:02 PM, 10 October

နည်းပြ ပက်ဂွါဒီယိုလာ လက်အောက် Tactical Fouls တွေ  ဘယ်လိုလုပ်ရသလဲဆိုတာကို မိမိလေ့လာသင်ယူ နေရတယ်လို့  မန်စီးတီး ကွင်းလယ်လူ ရိုဒရီက ဖွင့်ဟလာပါတယ်။
အသက်၂၃နှစ်သားဟာ ဂွါဒီယိုလာ လက်အောက် holding midfielder အဖြစ် ကစားနေရပြီး မတူညီတဲ့ ကစားပုံတွေကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေရတယ်လို့ ရိုဒရီက ဆိုပါတယ်။


ESPN ကို သူက ပြောရာမှာ


“ ကျွန်တော့်အတွက် ဒါတွေက စိန်ခေါ်မှု ကြီးမားတယ်လို့ ထင်ပါတယ် ဘာလို့ လဲဆိုတော့ ကျွန်တော် ပုံမှန်အရ  လက်ရှိနေရာကို တစ်ခါမှ မကစားဖူးဘူး အသင်းမှာ ကျွန်တော်တိကျတဲ့ ကစားပုံနေရာ မရှိဘူး


ကျွန်တော့်တို့ အသင်းမှာ တိုက်စစ်ဆင်တဲ့ ကစားသမားတွေ ချည်းဘဲ ဒါကြောင့်လည်း ပြိုင်ဘက်အသင်းအများစုက တန်ပြန်တိုက်စစ်ဆင်ဖို့  ကြိုးစားကြတာပေါ့  အချိန်တိုင်းမှာ သင် တစ်ယောက်တည်းလို ဖြစ်နိုင်တယ်  ဒါပေမဲ့ ဒါက ကျွန်တော်အတွက်ကောင်းပါတယ်"


မန်စီးတီးအသင်းဟာ ပြိုင်ဘက်အသင်းရဲ့ တိုက်စစ် ဆင်မှု ရပ်တန့် အောင် တမင်သက်သက် ပြစ်ဒဏ်ဘောကျူးလွန်မှု များတယ်လို့  မကြာခဏ စွပ်စွဲခံရမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ် အဆိုပါနည်းစနစ်ကိုလည်း ရိုဒရီက ပက်ဂွါဒီယိုလာ လက်အောက် လေ့လာသင့်ယူနေရတယ်လို့ ဝန်ခံခဲ့ပါတယ်။


“ ကျွန်တော်အများကြီး လေ့လာနေရတယ်ဗျ ဘယ်လို ရွေ့ လျားရမလဲ ဘယ်လို နေရမလဲ ဘယ်အချိန်မှာ Tactical foul လုပ်ရမလဲ ဘယ်အချိန် အမြင့်ခုန်ရမလဲ စတာတွေပေါ့
ဒါမျိုးတွေ လေ့လာဆည်းပူးရတာက ကျွန်တော့်အတွက် ကောင်းပါတယ် အသင်းအတွက်လည်း အဆင်ပြေတယ် ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ တိုက်စစ်ကစားသမားတွေ အဆင်ပြေပြေ ပွဲကို ကောင်းကောင်း ကစားနိုင်ဖို့  လိုအပ်တယ်လေ ”


ဟု ရိုဒရီက ရှင်းပြပြောဆိုသွားပါတယ်။


#မန်စီးတီး #ရိုဒရီ