ရှေ့သို့
Image

အဖျားဝေဒနာကြောင့် အင်္ဂလန် လူစာရင်းကနေ မက်ဆီဒင် နှုတ်ထွက်

4:35 PM, 10 October

လက်စတာကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင်ဟာ အဖျားဝေဒနကြောင့် ယူရို ၂၀၂၀ခြေစစ်ပွဲ ကစားမယ့် အင်္ဂလန်လူစာရင်းကနေ နှုတ်ထွက်သွားခဲ့ပြီလို့ သိရပါတယ်။

မက်ဒီဆင်ဟာ အင်္ဂလန်အသင်းမှာ ပွဲထွက်ခွင့်မရသေးပဲ နည်းပြ ဆောက်ဂိတ်ဟာ သူ့ရဲ့ နေရာအတွက် အစားထိုးကစားသမား ခေါ်ယူသားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို၂၀၂၀ ခြေစစ်ပွဲစဉ်အဖြစ် ချက်အသင်းကို ပရာဟာမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။

အဲ့ဒီနောက် တနင်္လာနေ့မှတော့ ဘူလ်ဂေးရီးယားအသင်းနဲ့ ဆိုစီယာမှာ ဆက်လက် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

မက်ဒီဆင်ဟာ အင်္ဂလန်လူစာရင်းမှာ ၂ကြိမ်တိုင် အရွေးချယ်ခံခဲ့ရပေမဲ့ ယခုအချိန်အထိ ပွဲထွက်ခွင့်မရသေးပါဘူး။

မက်ဒီဆင်ဟာ လက်စတာ အသင်းမှာတော့ အကောင်းဆုံး ခြေစွမ်းပြနေပြီး ၈ပွဲကစားပြီးချိန်မှာ ၃ဂိုးသွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

#မက်ဒီဆင်