ရှေ့သို့
Image

ယူနိုက်တက်မှာ ပျောက်ဆုံးနေတဲ့ အရာတစ်ခုကို ပြောပြလိုက်တဲ့ ဗန်ဒါဆား

2:12 PM, 10 October

ယူနိုက်တက် ဂန္တ၀င် ဂိုးသမားကြီး ဗန်ဒါဆားက ယူနိုက်တက်ဟာ လက်ရှိမှာ ပုံရိပ် ကစားသမားပျောက်ဆုံးနေကြောင်း ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ နယူးကာဆယ်ကို ရှုံးခဲ့ပြီးနောက် ဖိအားတွေအောက်ကို တော်တော်လေးရောက်ရှိသွားခဲ့ပြီး တန်းဆင်းဇုန်နဲ့ ၂မှတ်အကွာကို ရောက်ရှိသွားခဲ့ပါတယ်။

ဆိုလ်းရှားဟာ နွေရာသီမှာ ၀မ်ဘစ်ဆာကာ၊ မက်ဂွါရီတို့ကို ခေါ်ယူထားခဲ့ပေမဲ့ ဗန်ဒါဆားကတော့ အိုးထရက်ဖို့ဒ်မှာ ဦးဆောင်မယ့် ပုံရိပ်ကစားသမားမရှိခြင်းကို ထောက်ပြသွားခဲ့ပါတယ်။

ဗန်ဒါဆားက "ကျွန်တော် အတိတ်က အကြောင်းအရာတွေကို သတိရပါသေးတယ်။ အဲ့ဒီတုန်းက ကျွန်တော် အ၀တ်လဲခန်း အတွင်းကို ၀င်သွားရင် စခိုးလ်၊ ဖာဒီနန်၊ ဂယ်ရီနဗီးလ်၊ ရိုင်ကိန်းတို့လို ကစားသမားတွေကို မြင်ရမှာပါ။ ကျွန်တော်တို့ဆီမှာ ပုံရိပ်ကစားသမားတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အသင်းမှာ ပုံရိပ်ကစားသမားတွေ တဖြည်းဖြည်းပျောက်ဆုံးလာပြီး အသင်းက ဘာမှပြောင်းလဲနိုင်စွမ်းမရှိတော့ဘူး"လို့ ပြောခဲ့ပါတယ်။

ဗန်ဒါဆားဟာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ကြိမ် ရရှိခဲ့ပြီး ယခုလတွေ အတွင်းမှာ အားကစားဒါရိုက်တာ ရာထူး အတွက် ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဗန္ဒါဆား