ရှေ့သို့
Image

လူမျိုးရေး ခွဲခြားမှုဖြစ်ရပ်ကြောင့် ဝုဗ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို ပရိသတ်မပါဘဲ ကစားရမယ့် ဆလိုဗန်

10:25 AM, 10 October

ဆလိုဗန်အသင်းဟာ လာမယ့်အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကစားရမယ့် ဝုဗ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို ပရိသတ်မပါဘဲ တံခါးပိတ် ကျင်းပရဖွယ် ရှိနေပါတယ်။

ယူအီးအက်ဖ်အေကတော့ ဆလိုဗန်အသင်းပရိသတ်တွေဟာ လူမျိုးရေး ခွဲခြားခဲ့တာကြောင့် လာမယ့် ပွဲစဉ်တစ်ပွဲကို ပရိသတ်မပါဘဲ ကစားစေဖို့အတွက် ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပြစ်ဒဏ်ရဲ့မူလအရင်းခံကတော့ PAOK နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ခြေစစ်ပွဲနဲ့ ပတ်သတ်မှုရှိနေတာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေကတော့ ဆလိုဗန်အသင်းကို တံခါးပိတ်ပွဲစဉ် တစ်ပွဲအပြင် ပေါင် ၄၅၀၀၀ လည်း ပြစ်ဒဏ်ချမှတ် ခံခဲ့ရပါတယ်။

သို့သော်လည်း ဆလိုဗန်အသင်းကတော့ သူတို့ရဲ့ဝက်ဘ်ဆိုဒ်မှာ ကလပ်အသင်းကို အားပေးဖို့အတွက် အသက် ၁၄ နှစ်အောက် ကလေးတွေကိုတော့ ကွင်းထဲကို ဝင်ခွင့်ပြုမယ်လို့ အတည်ပြုခဲ့ပါတယ်။

ဆလိုဗန်အသင်းဟာ အုပ်စု (K) မှာ ၂ ပွဲကစား ၄ မှတ် ရရှိထားပြီး ထိပ်ဆုံးမှာ ဦးဆောင်နေကာ ဝုဗ်ကတော့  ၁ မှတ် အကွာနဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

ဝုဗ်အသင်းဟာ အဖွင့်ပွဲစဉ်မှာ ဘရာဂါအသင်း အရေးနိမ့်ခဲ့ပြီးနောက် ဒုတိယပွဲစဉ်မှာ ဘက်ဆစ်တက်စ် အသင်းကို ပွဲကစားချိန် ၉၃ မိနစ်မှာ နောက်ခံလူ ဘိုလီရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

#ဝုဗ် #ဆလိုဗန်