ရှေ့သို့
Image

ပီပီရဲ့ခြေစွမ်းနဲ့ ပတ်သက်ပြီး စိတ်ရှည်ကြဖို့ အာဆင်နယ် ပရိသတ်တွေကို ဇာဟာတောင်းဆို

10:06 AM, 10 October

အာဆင်နယ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ကစားသမားသစ် ပီပီနဲ့ ပတ်သက်ပြီး စိတ်ရှည်ကြဖို့ နိုင်ငံအသင်းဖော် ဇာဟာက တောင်းဆိုသွားခဲ့ပါတယ်။

ပီပီဟာ နွေရာသီက ပေါင် ၇၂ သန်းနဲ့ အမ်းမရိတ်ကို ရောက်ရှိလာတာ ဖြစ်ပေမဲ့ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပါတယ်။

ဇာဟာကလည်း နွေရာသီက ဂန်းနားတွေရဲ့ ချိတ်ဆက်မှုကို ခံခဲ့ရတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ဇာဟာက "ကျွန်တော် လူမှုကွန်ရက်မှာ ပီပီကို ပြောနေကြတာတွေ မြင်ပါတယ်။ ဒါမျိုးကိစ္စဆိုတာက အချိန်ယူမှရတာပါ။ သူ့ရဲ့ အရည်အချင်းကို ပြောင်းရွှေ့ကြေးနဲ့ မဆုံးဖြတ်သင့်ပါဘူး။ သူ့ကို ခြေစွမ်းပြန်ပြနိုင်ဖို့ အချိန်ပေးဖို့လိုပြီး အခုလိုမျိုး ဝေဖန်မှုတွေ မပြုလုပ်သင့်ပါဘူး"လို့ ပြောခဲ့ပါတယ်။

ဇာဟာက ပီပီဟာ အချိန်တစ်ခုရောက်ရင် အကောင်းဆုံး ခြေစွမ်းတွေ ပြန်လည်ပြသနိုင်မယ်လို့လည်း ယုံကြည်လျက် ရှိနေပါတယ်။

ဇာဟာက "ကျွန်တော် သူ့ကို လုံးဝယုံကြည်ပါတယ်။ သူ အရင်က ပြသခဲ့တဲ့ ခြေစွမ်းမျိုး ပြန်လည်ပြသနိုင်ဦးမယ်ဆိုတာ ယုံကြည်ပါတယ်။ ကျွန်တော်တို့  ၂ဦးစလုံး အိုင်ဗရီကို့စ်မှာ ကစားနေတာကြောင့် ဘယ်သူမှ မမြင်တဲ့ အရာတွေကို ကျွန်တော်မြင်ထားပါတယ်"လို့ ပြောသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နွေရာသီက ဇာဟာကို ပေါင် သန်း ၄၀နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းက လက်မခံပဲ ပယ်ချခဲ့တာကြောင့် အာဆင်နယ်ပရိသတ်ဖြစ်တဲ့ ဇာဟာတစ်ယောက် ပဲလေ့စ်မှာသာ သောင်တင်နေခဲ့ပါတယ်။

#ဇာဟာ #ပီပီ