ရှေ့သို့
Image

ဂျူဗင်တပ်စ်မှာ မပျော်မရွှင်ဖြစ်နေတဲ့ အမ်မရီချန်

9:32 AM, 10 October

ဂျူဗင်တပ်စ်အသင်း ကွင်းလယ်ကစားသမား အမ်မရီချန်ကတော့ တူရင်မြေမှာ အထိုင်ကျဖို့ရုန်းကန်နေရတာနဲ့ ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေပါတယ်။

အဆိုပါကွင်းလယ်ကစားသမား ချန်ပီယံလိဂ်လူစာရင်းမှာလည်း မပါဝင်ခဲ့သလို စီးရီးအေမှာလည်း ၃ ပွဲကို လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အင်တာအသင်းနဲ့ပွဲစဉ်မှာလည်း ပွဲကစားချိန် ၇၁ မိနစ်မှာ လူစားဝင်ခွင့်ရရှိခဲ့ပြီး နည်းပြ ဆာရီလက်အောက် စုစုပေါင်း ၇၈ မိနစ်သာ ပွဲထွက်ခွင့်ရရှိထားပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ခြေစမ်းပွဲအပြီးမှာတော့ သူကသတင်းထောက်တွေကို “ကျွန်တော် ဂျူဗင်တပ်စ်မှာ မပျော်မရွှင်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ ကျွန်တော်ပွဲထွက်ခွင့်တွေအများကြီးရခဲ့သလို ကောင်းကောင်းလည်းကစားနိုင်ခဲ့ပါတယ်”လို့ ချန်က ပြောပါတယ်။

“ကျွန်တော် မနှစ်ကဆိုဂျူဗင်တပ်စ်ရဲ့အရေးကြီးတဲ့ပွဲစဉ်တွေကိုပါဝင်ခွင့်ရခဲ့ပါတယ်။ အခုဒီရာသီမှာတော့ အခွင့်အရေး နည်းပါးလာပါတယ်။ ဒါပေမယ့် ကျွန်တော်မကြာခင်မှာ အခွင့်အရေးရလာမယ်လို့ထင်ပါတယ်”လို့ ချန်က ပြောကြားခဲ့ပါတယ်။

အမ်မရီချန်ဟာ တနင်္ဂနွေနေ့မှာ ယူရို ၂၀၂၀ ပွဲစဉ် အဖြစ် အက်စတိုးနီးယားအသင်းနဲ့ပွဲစဉ်မှာ ဂျာမန်အသင်း လူစာရင်းမှာပြန်လည် ပါဝင်လာဖွယ်ရှိနေပါတယ်။

#စီးရီးအေ #အမ်မရီချန်