ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်မှာ ဆန်ချိုအတွက် နေရာမရှိပါဘူး - ရစ်ဘာရီ

8:57 AM, 10 October

အသင်းမှာလည်း အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီး ရှိတဲ့အတွက်ကြောင့် အင်္ဂလန်စတားကို ခေါ်ယူမှုတွင် ဘိုင်ယန်မြူးနစ်က အချိန်ဖြုန်းလိမ့်မှာ မဟုတ်ပါဘူးလို့ ဘိုင်ယန်ရဲ့ ကစားသမားဟောင်း ရစ်ဘာရီက ပြောဆိုလိုက်ပါတယ်။

ဘိုင်ယန်ဟာ ဆန်ချိုကို ဒေါ့မွန်အသင်းကနေ ခေါ်ယူဖို့အတွက် ကြိုးစားဖို့ မလိုအပ်ပါဘူးလို့ ရစ်ဘာရီက ယုံကြည်နေတာပါ။

'' ဆန်ချိုက ကစားသမားကောင်း တစ်ယောက်ပါ။ သို့သော်လည်း ဘိုင်ယန်က အဲ့ဒီနေရာအတွက် ကစားသမား လုံလုံလောက်လောက် ရှိပါတယ် '' လို့ Sport Bild နှင့် အင်တာဗျူးတွင် ရစ်ဘာရီကပြောပါတယ်။

'' မူလာ၊ ဂျီနာဘီ၊ ပါရီဆစ်၊ ကိုးမန်း၊ ကော်တင်ဟို၊ လီဝန်ဒေါစကီး တို့ရှိပါတယ်။ အသင်းမှာလည်း ပြိုင်ဆိုင်မှုတွေ ရှိပါတယ်။ သူ့အတွက် အကောင်းဆုံးနှစ်ဖြစ်အောင် ဆန်ချိုက သေချာပေါက် လုပ်မယ်လို့ မျှော်လင့်ပြီး ဘိုင်ယန် အသင်းမှာတော့ ဆန်ချိုအတွက် နေရာသိမ်မရှိပါဘူး '' 

#ဆန်ချို #ရစ်ဘာရီ