ရှေ့သို့
Image

တီယာနေးဟာ ရောဘတ်ဆန်လိုပဲ တောက်ပလာမှာပါ လို့ပြောဆိုလိုက်တဲ့ အာဆင်နယ် ကစားသမားဟောင်း

8:48 AM, 10 October

စကော့တလန်နိုင်ငံသားဟာ အာဆင်နယ်အသင်း မျှော်လင့်ထားသလို သက်သေပြပေးလိမ့်မှာဖြစ်ပြီး ဝေးလ်လက်ရွေးစင်အသင်း တိုက်စစ်မှုးဟောင်းရဲ့ ထောက်ခံပြောဆိုခြင်းကို ခံထားရသူ ဖြစ်ပါတယ်။

ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းသာ ပေးချေခဲ့ရတဲ့ တီယာနေးရဲ့ပြောင်းရွှေ့မှုဟာ ဈေးသက်သာပြီး အာဆင်နယ်မှာလည်း အောင်မြင်ပါလိမ့်မယ်လို့ အာဆင်နယ်နှင့် ဆဲလ်တစ်အသင်းတို့ရဲ့ ကြယ်ပွင့်ကစားသမားဟောင်း ဂျွန်ဟက်ဆန်က ပြောဆိုထားပါတယ်။

စကော့တလန်နိုင်ငံသားဟာ နွေရာသီကမှ ပြောင်းရွှေ့လာခဲ့တာဖြစ်သော်လည်း အမ်းမရိတ်တွင်တော့ ဒဏ်ရာရရှိမှုများက သူ့ရဲ့ခြေစွမ်းပြသမှုကို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

လူငယ်ကစားသမားဟာ အာဆင်နယ်အသင်းတွင် အောင်မြင်လိမ့်မယ်လို့ ဟက်ဆန်က ယုံကြည်နေပြီး တစ်နို်င်ငံတည်းသားဖြစ်သူ ချန်ပီယံလိဂ်ဖလားကို ရရှိထားတဲ့ ရော်ဘက်ဆန်ကို ကျော်တက်သွားလိမ့်မယ်လို့ ပြောဆိုထားပါတယ်။

'' မန်ယူအသင်းရဲ့ဝမ်ဘစ်စကာအတွက် ပေါင်သန်း ၅၀ ပေးခဲ့ရတာကို ကြည့်မယ်ဆိုရင် အာဆင်နယ်အသင်းဟာ သူ့ကို ဈေးနဲနဲဖြင့် ရရှိခဲ့တာဖြစ်ပါတယ် '' လို့ သူက ဒေးလီးရီကော့သို့ ပြောပါတယ်။

'' ပျမ်းမျှအားဖြင့် ကစားသမားတွေကို ပေါင်သန်း ၃၀ ၊ ၄၀ လောက်ပေးရမှာဖြစ်ပြီး တီယာနေးကိုတော့ အဲ့လောက်တောင် မပေးခဲ့ရပါဘူး ''

'' ဆဲလ်တစ်အသင်းဟာ နောက်ထပ် ပေါင် ၅ သန်းလောက်နဲ့ ဈေးကိုင်ထားလို့ ရခဲ့သော်လည်း သူတို့ရရှိထားတဲ့ ပမာဏကလည်း သင့်တင့်ကောင်းမွန်တဲ့ ဈေးပါပဲ။ အထူးသဖြင့် သူဟာ အသင်းရဲ့လူငယ် အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး အသင်းဟာ သူ့အတွက် တစ်ပြားမှ မကုန်ကျခဲ့ပါဘူး ''

'' သူဟာ ပေါင် ၂၅ သန်း တန်ကြေးရှိပြီး စကော့တလန်လိဂ်မှာရှိတဲ့ စည်းမျဉ်းတွေက သိမ်မကောင်းတဲ့အတွက်ကြောင့် အခြားလိဂ်တွေမှာ သူက အောင်မြင်နိုင်ပါတယ် '' လို့ ဟက်ဆန်က ပြောပါတယ်။

#ရောဘတ်ဆန် #တီယာနေး