ရှေ့သို့
Image

ပေါ့ဂ်ဘာကို ခေါ်ယူဖို့ မန်ဇူးကစ်၊ အမ်မရီချန်တို့နဲ့ အလိုက်ပေးကာ ကမ်းလှမ်းဖို့ ဂျူဗင်တပ်စ်အသင့်ရှိနေ

4:14 PM, 9 October

ဂျူဗင်တပ်စ်အသင်းဟာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ မန်ဇူကစ်၊ အမ်မရီချန်တို့ကို အလိုက်ပေးပြီး ကမ်းလှမ်းဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။

ပေါ့ဂ်ဘာဟာ နွေရာသီက အသင်းကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမဲ့ အိုးထရက်ဖို့ဒ်မှာသာ သောင်တင်နေခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက ပေါ့ဂ်ဘာကို တော်တော်လေး စိတ်ဝင်စားခဲ့ပေမဲ့ ယခုအချိန်မှာတော့ ပြောင်းရွှေ့ကြေးကြီးမားတဲ့ ပြင်သစ်သားကို လက်လျော့သွားပုံပေါ်ပါတယ်။

ပေါ့ဂ်ဘာရဲ့ အနာဂတ်ဟာ ယူနိုက်တက်ရဲ့ ဆိုးရွားတဲ့ ရာသီအစအပြီးမှာတော့ ပြန်လည်လှုပ်ခတ်လာခဲ့ပြီး ဂျူဗင်တပ်စ်အသင်းက ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ပြေးနေခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နွေရာသီက မန်ဇူကစ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး ဂျူဗင်တပ်စ်အသင်းအနေနဲ့ အဆိုပါအခွင့်အရေးကို အသုံးချသွားနိုင်ပါတယ်။

အလားတူ ယခုနှစ်ရာသီမှာ အရန်ခုံထိုင်ရမှာ သေချာနေတဲ့ အမ်မရီချန်ဟာလည်း အဆိုပါ အပြောင်းအရွှေ့မှာ ပါဝင်လာနိုင်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ အဆိုပါ အပြောင်းအရွှေ့မှာ ကနဦး ပြောင်းရွှေ့ကြေး ဘယ်လောက်နဲ့ ကမ်းလှမ်းမယ်ဆိုတာတော့ မသိရသေးပါဘူး။

ပေါ့ဂ်ဘာဟာ လက်ရှိမှာတော့ ဒဏ်ရာ အမြန်သက်သာစေဖို့အတွက် ယူအေအီးနိုင်ငံ ဒူဘိုင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်လျက် ရှိနေပါတယ်။

#မနျခကျြစတာယူနိုကျတကျ #အမ်မရီချန်