ရှေ့သို့
Image

ချက်နဲ့ပွဲစဉ်မှာ လူမျိုးရေးခွဲခြားခံရရင် ကွင်းထဲက ထွက်ခွာဖို့ အင်္ဂလန် အသင်း စီစဉ်ထား

2:54 PM, 9 October

အင်္ဂလန်အသင်းအနေနဲ့ ချက်၊ ဘူလ်ဂေးရီးယားတို့နဲ့ ပွဲစဉ်တွေမှာ လူမျိုးရေးခွဲခြားခံရမယ်ဆိုရင် ကွင်းထဲက ထွက်သွားဖို့ အသင့်ပြင်ထားတယ်လို့ ဟယ်ရီကိန်းက ဆိုပါတယ်။

တိုက်စစ်မှူး အေဘရာဟမ်က အသင်းခေါင်းဆောင် ဟယ်ရီကိန်း ဦးဆောင်တဲ့ စိန့်ဂျော့ခ်ျမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုကို ပြန်လည်ဖောက်သည်ချခဲ့ရာမှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ဆောက်ဂိတ်ကတော့ ယူအီးအက်ဖ်အေရဲ့ လုပ်ထုံးလုပ်နည်းတွေကို နာခံသွားမှာဖြစ်ပြီး နောက်ဆုံးဆုံးဖြတ်ချက်မချခင် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို နားထောင်သွားမယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အေဘရာဟမ်ကတော့ အခုလို အပြစ်လုပ်သူတွေအတွက် ဒုတိယအကြိမ် အခွင့်အရေးမပေးသင့်ဘူးလို့ ပြောခဲ့ပါတယ်။

"ကျွန်တော်တို့ အဲ့ဒီကိစ္စအတွက် ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး အခုလိုမျိုး လူမျိုးရေးခွဲခြားခံရရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ ဆွေးနွေးခဲ့ပါတယ်။ ဒါက တစ်ဦးတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့က အသင်းတစ်သင်းပါ။ တစ်ယောက်ကို ထိရင် အားလုံးကို ထိတာပါပဲ။ ဟယ်ရီက အခုလို အဖြစ်အပျက်တွေ ဖြစ်လာမယ်ဆိုရင် အဲ့ဒီကစားသမားကို မေးကြည့်ပါမယ်။ သူ မကျေနပ်ဘူးဆိုရင် ကျွန်တော်တို့အားလုံး ကွင်းထဲက ထွက်မှာပါ"လို့ ပြောခဲ့ပါတယ်။

#အေဘရာဟမ်