ရှေ့သို့
Image

အလုပ်သမားတွေက VAR ပလပ်ဖြုတ်ပြီး ဖုန်းအားသွင်းထားခဲ့လို့ VAR ကြည့်မရဖြစ်ခဲ့တဲ့ ဆော်ဒီလိဂ်ပွဲစဉ်

10:36 AM, 9 October

Al-Nassr နဲ့ Al-Fateh တို့ရဲ့ဆော်ဒီလိဂ်ပွဲစဉ်မှာ အငြင်းပွားစရာ အနေအထားတစ်ရပ် ဖြစ်ခဲ့တာကြောင့် VAR ကြည့်ပြီး ဆုံးဖြတ်ဖို့လုပ်ခဲ့ပေမယ့် ထူးဆန်းတဲ့ နည်းပညာဆိုင်ရာ အမှားတစ်ခု ဖြစ်ခဲ့ရပါတယ်။

ကွင်းအလုပ်သမားတွေထဲက တစ်ဦးက VAR စက်ရဲ့ပလပ်ကိုဖြုတ်ပြီး သူ့ရဲ့ဖုန်းကို အားသွင်းထားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာတော့ Al-Nassr အသင်းက ၄၉ မိနစ်မှာ သွင်းယူခဲ့တဲ့ Firas Al-Buraikan ရဲ့ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

အာရပ်ဘောလုံးလောက တစ်နေရာတည်း VAR ပြဿနာတွေ ကြုံတွေ့ရတာတော့ မဟုတ်ပါဘူး။

ဘိုလီဗီးယား ဒိုင်လူကြီးတစ်ဦးကလည်း ဘိုလီဗီးယားလိဂ်မှာ VAR နည်းစနစ်ကို အသုံးမပြုနိုင်ပေမဲ့ VAR ကြည့်ပြီး ပင်နယ်တီ ပေးခဲ့ဖူးပါတယ်။

နှစ်သင်းကြားမှာ ၁-၀ ဆိုတဲ့ ရလဒ်ထွက်ပေါ်နေချိန် နောက်ဆုံး နာကျင်အချိန်ပိုမှာ ကွင်းလယ်ဒိုင် ရာအူးလ်အိုရိုစကိုက စတုတ္ထဒိုင်နဲ့ စကားပြောပြီး အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်ကို မချမှတ်ခင်မှာ သူ့ကို တစ်စုံတစ်ယောက်က နားကြပ်ကနေ လှမ်းပြောခဲ့တာ ဖြစ်ပါတယ်။

ဒိုင်လူကြီးက VAR သုံးဖို့ လက်ဟန်ကိုပြသခဲ့ပြီး ပင်နယ်တီ အမှတ်အသားကို ညွှန်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိဂ်မှာတော့ VAR နည်းစနစ်ကို အသုံးပြုခြင်း မရှိပါဘူး။

ဘိုလီဗီးယား ကစားသမားတွေကြားမှာ ဒေါသထွက်စရာ ဖြစ်သွားတာကြောင့် ရုန်းရင်းဆန်ခတ်တွေပါ ဖြစ်ခဲ့ရပါတယ်။ နောက်ဆုံး အထိကရုဏ်းရဲတွေက ကွင်းထဲဝင်ပြီး ထိန်းရတဲ့အနေအထားထိ ဖြစ်သွားခဲ့ပါတယ်။

အင်္ဂလန်မှာတော့ VAR အသုံးပြုမှုနဲ့ ပက်သက်လို့ သဘောထားတွေ ကွဲလွဲနေတုန်းပဲ ဖြစ်ပါတယ်။ ဝေဖန်သူတွေနဲ့ ပရိသတ်တွေက VAR ကို သဘောမကျကြပေမယ့် မော်ရင်ဟိုကတော့ “ VAR ရဲ့အနှစ်သာရ “ ကို သဘောကျကြောင်း ပြောခဲ့ပါတယ်။

မော်ရင်ဟိုက “ ဟုတ်တာပေါ့၊ မန်နေဂျာတစ်ယောက်အနေနဲ့ တစ်ခါတစ်လေ ကောင်းတဲ့ ဆုံးဖြတ်ချက်တွေလည်း ကြုံရတယ် ၊ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေလည်း ကြုံတဲ့အခါ ကြုံရတာပေါ့။

VAR ရဲ့အနှစ်သာရကို ကျွန်တော်ကတော့ သဘောကျတယ်။ လူတွေရဲ့အမှားကို လျှော့ချပေးနိုင်တယ်လေ ၊ ဒီနည်းပညာကို လေ့လာပြီးတော့ ကျင့်သားရအောင် လုပ်ဖို့ပဲလိုတယ်၊ ဒါပေမဲ့ ဒီလို စိတ်လှုပ်ရှားဖို့ကောင်းတာကို ကျွန်တော်တို့ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ပါတယ်။

အရင်ကဆို ဂိုးတစ်ဂိုး ၀င်သွားပြီဆိုရင် ဒိုင်လူကြီးတွေကိုပဲ ကြည့်နေရတာ ၊ အခုတော့ ဖန်သားပြင်ကို ကြည့်နေရုံပဲ “ ဆိုပြီး VAR ကို နှစ်သက်ရတဲ့ အကြောင်းအရင်းကို ပြောပြသွားခဲ့ပါတယ်။

#ဘိုလီဗီးယား