ရှေ့သို့
Image

အနာဂတ်နဲ့ပတ်သက်ပြီးအရိတ်အမြတ်ဖွင့်ဟခဲ့တဲ့ ဆီဘယ်လော့စ်

7:44 PM, 8 October

အာဆင်နယ်ကွင်းလယ်လူ ဆီဘယ်လော့စ်က ရီးရဲလ်မက်ဒရစ်ကနေ အာဆင်နယ်ကို အငှားလာရောက် ကစားခဲ့ရတဲ့အတွက် နောင်တမရကြောင်းနဲ့ မြောက်လန်ဒန်မှာ အလွန်ပျော်ရွှင်နေကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

၂၃နှစ်အရွယ် ကွင်းလယ်လူဟာ နည်းပြ ဇီဒန်းရဲ့ ယုံကြည်မှုကို ရီးရဲလ်မှာ မရခဲ့တာကြောင့် နွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက အဆိုပါ အခွင့်အရေးကို အကောင်းဆုံး အသုံးချကာ မြို့ခံပြိုင်ဘက် စပါးအသင်းနဲ့ ယှဉ်ပြိုင်ခေါ်ယူခဲ့တာဖြစ်ပြီး ယခုအချိန်မှာလည်း အဓိက ကွင်းလယ်လူအဖြစ် ပွဲထွက်ခွင့်ပေးထားခဲ့ပါတယ်။

နိုင်ငံတကာပွဲစဉ်တွေအဖြစ် စပိန်နိုင်ငံကို ပြန်လာခဲ့တဲ့ ဆီဘယ်လော့စ်က အနာဂတ်နဲ့ ပတ်သက်ပြီး အရိတ်အမြွတ်ပြောကြားသွားခဲ့ပါတယ်။ ဆီဘယ်လော့စ်က "အာဆင်နယ်ကို ပြောင်းရွှေ့ရတာက ကစားသမားဘ၀ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ရီးရဲလ်ကနေ ထွက်ခွာခဲ့ရတာကို နောင်တမရနေပါဘူး။ အခု ကျွန်တော် လိုချင်တဲ့ နေရာမှာ ရောက်နေပြီး အရမ်းပျော်နေပါတယ်။ ကျွန်တော်က အပြင်ထွက်ပြီး ဘောလုံးကစားချင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့၂နှစ်က ကျွန်တော် ဘာမှ သိပ်မလုပ်နိုင်ခဲ့ပါဘူး"လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်မှာ ခြေစွမ်းပြနေတဲ့ ဆီဘယ်လော့စ်ကို စပိန်အသင်းကြီးကနေ ယခု ဒုတိယအကြိမ်အဖြစ် ခေါ်ယူသွားခဲ့ပါတယ်။ စပိန်အသင်းဟာ ယူရို၂၀၂၀ ခြေစစ်ပွဲစဉ်အဖြစ် နော်ဝေ၊ ဆွီဒင်တို့နဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။


#ဆီဘယ်လော့စ်