ရှေ့သို့
Image

ဖနောင့်ကြော ဒဏ်ရာရရှိပြီးနောက် ကစားသမားဘ၀ကိုစိုးရိမ်နေတဲ့ အိုဒွိုင်းလ်

3:01 PM, 8 October

ချဲလ်ဆီးအသင်းတောင်ပံကစားသမား အိုဒွိုင်းလ်ကတော့ ပြီးခဲ့တဲ့ရာသီဖနောင့်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် ကစားသမားဘ၀ အတွက် စိုးရိမ်မိတယ်လို့ ၀န်ခံပြောကြားလိုက်ပါတယ်။

အသက် ၁၈နှစ်အရွယ်တောင်ပံကစားသမားဟာ ဧပြီလက ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းနဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ဖိုင်နယ်ကိုလွဲချော်ခဲ့ပါတယ်။

တောင်ပံကစားသမား အိုဒွိုင်းလ်ဟာ သူ့ရဲ့ပထမဆုံးလိဂ်ပွဲစဉ်ကို ဘရိုက်တန်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက် ကစားခဲ့ပြီး အဲ့နောက်မှာတော့ ကာရာဘောင်ပွဲစဉ်မှာအဖြစ် ဂရင်းစ်ဘီအသင်းနဲ့ပွဲစဉ်မှာလည်း ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

“ကျွန်တော်ဒဏ်ရာရရှိပြီးနောက် အတွေးထဲမှာဘောလုံးပြန်ကစားနိုင်ပါ့မလားလို့တောင် ၀င်လာခဲ့ပါတယ်။ ဒါပေမယ့်  ကျွန်တော့် မိသားစုကတော့ အမြဲတမ်းယုံကြည်မှုအပြည့်ထားဖို့အားပေးရှာပါတယ်”လို့ သူက စကိုင်းစပေါ့ကိုပြောပါတယ်။

“ဒဏ်ရာ ရရှိနေတဲ့အချိန်တုန်းကဆို ကျွန်တော်လေ့ကျင့်ရေးကွင်းကိုသွားပြီး သူများတွေလေ့ကျင့်နေတာကြည့်ရင်း တော်တ်ေလေးစိတ်မကောင်းဖြစ်မိခဲ့ပါတယ်။ အဲ့တုန်းကနေ့ရက်တွေက ကျွန်တော့်အတွက် အမှောင်မိုက်ဆုံးနေ့ရက်တွေပါ။ ဒါပေမယ့် ကျွန်တော်စိတ်မပျက်ပဲကြိုးစားခဲ့ပါတယ်”လို့ အိုဒွိုင်းလ်က ပြောပါတယ်။

“ဒဏ်ရာကနေပြန်ကောင်းလာတော့ ကျွန်တော်တော်တော်လေးဝမ်းသာမိခဲ့ပါတယ်။ ပြီးတော့ အခုလို ဒဏ်ရာကနေပြန်ကောင်းလာတာက ကျွန်တော့်ရဲ့ကြိုးစားအားထုတ်မှုကြောင့်ပါ။ အရင်ကထက်လည်း ပိုကောင်းတဲ့ ပုံစံတစ်ရပ်နဲ့ပြန်လာနိုင်မယ်လို့လည်းယုံကြည်ခဲ့ပါတယ်”လို့ သူက ဆိုပါတယ်။

“ကျွန်တော် ၃ လ ၊ ၄ လ လောက် အသင်းရဲ့ပွဲစဉ်တွေနဲ့လွဲချော်ခဲ့ရတာ စိတ်မကောင်းဖြစ်မိပါတယ်။ အဲ့ကာလအတွင်းမှာ ကျွန်တော်အသင်းအတွက်အမြဲတမ်းစဉ်းစားနေမိတာပါ။ အခုတော့ ကျွန်တော် အသင်းကိုကူညီနိုင်ပါတော့မယ်”လို့ အိုဒွိုင်းလ်က ပြောကြားခဲ့ပါတယ်။

တောင်ပံကစားသမား အိုဒွိုင်းလ်ဟာ ဇန်န၀ါရီလတုန်းက ဘိုင်ယန်မြူးနစ်အသင်းထံပြောင်းအရွှေ့ဖိြု့ပင်ဆင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ချဲလ်ဆီးအသင်းနဲ့စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

#ဟက်ဆန် အိုဒွိုင်း