ရှေ့သို့
Image

မန်ယူနည်းပြသစ်အတွက် အလေးပေးမှုတွေမှာ အယ်လီဂရီကို ကျော်လာတဲ့ မန်ယူအသင်းရဲ့ပြိုင်ဘက်နည်းပြ

5:09 PM, 7 October

အွန်လိုင်းလောင်းကစားဒိုင်တစ်ခုရဲ့အဆိုအရ မန်ယူနည်းပြသစ် ဖြစ်နိုင်သူတွေထဲမှာ စပါးနည်းပြ ပိုချက်တီနိုက ၅ လေး ၂ လေး ရှိပြီး အယ်လီဂရီကတော့ ၆ လေး ၁ လေးသာ ရှိပါတယ်။

လက်ရှိလက်စတာ စီးတီးနည်းပြ ဘရန်ဒန်ရော်ဂျာ ၊ ပီအက်စ်ဂျီ နည်းပြဟောင်း လောရင့်ဘလန့် ၊ အေဂျက်မန်နေဂျာ အဲရစ်တန်ဟတ် ၊ ယူနိုက်တက်ကစားသမားဟောင်း မိုက်ကယ်ကာရစ် နဲ့ အာဆင်နယ်ဂန္တ၀င်နည်းပြကြီး အာဆင်ဝင်ဂါးတို့ကလည်း အလေးပေးမှုစာရင်းထဲမှာ ပါရှိနေကြပါတယ်။ 

သူတို့ရဲ့အလေးပေးမှုတွေကတော့ ၁၅/၂ ၊ ၁၂/၁ ၊ ၁၂/၁ ၊ ၁၄/၁ နဲ့ ၁၄/၁ တို့နဲ့ အစဉ်လိုက် ရှိနေကြပါတယ်။

ဒီလိုအလေးပေးမှုတွေ ထွက်ပေါ်လာချိန်မှာတောင် နည်းပြဆိုးလ်ရှားရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကစားပုံ ကောင်းမလာသေးပါဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း နယူးကာဆယ်အသင်းကို ရှုံးနိမ့်ကာ ဒီရာသီ အမှတ်ပေးဇယားမှာ အဆင့် ၁၂ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။

ဆိုးလ်ရှားခမျာမှာလည်း အသင်းကို သူလိုချင်တဲ့ပုံစံအတိုင်း ပုံသွင်းလို့မရနိုင်အောင် ဖြစ်နေရပါတယ်။ ဆိုးလ်ရှားကို တရားဝင်နည်းပြအဖြစ် ခန့်အပ်ပြီးနောက် ကစားခဲ့တဲ့ ပွဲစဉ် ၂၁ ပွဲမှာ ၅ ပွဲသာ အနိုင်ရခဲ့ပြီး သွင်းဂိုးကလည်း ၁၈ ဂိုးသာ ရှိပါတယ်။

ဒီလိုရလဒ်ဆိုးတွေကြောင့် နော်ဝေသား နည်းပြကြီးရဲ့နေရာက မရေမရာ ဖြစ်လာခဲ့ရပါတယ်။ ပိုဆိုးတာက နိုင်ငံတကာပွဲစဉ်တွေပြီးရင် ဒီရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ရာနှုန်းပြည့်နိုင်ပွဲနဲ့ အဆင့် ၁ နေရာကနေ ဦးဆောင်နေတဲ့ လီဗာပူးကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အယ္လီဂရီ #ပိုခ်က္တီနုိ #ဆိုးလ္ရွား