ရှေ့သို့
Image

ချဲလ်ဆီးအသင်းရဲ့ သုံးယောက်တိုက်စစ်အတွဲကို ချီးကျူးသွားခဲ့တဲ့ အလန်ရှီးယား

2:46 PM, 7 October

ဆောက်သမ်တန်နဲ့ပွဲမှာ ချဲလ်ဆီးအသင်းရဲ့လူငယ်ကစားသမားတွေဖြစ်ကြတဲ့ ဟတ်ဆန်အိုဒွိုင်း ၊ တမ်မီအေဘရာဟမ် နဲ့ မေဆန်မောင့်တို့ သုံးယောက်ရဲ့တိုက်စစ်အတွဲဟာ နားလည်မှုရှိရှိနဲ့ ကစားသွားခဲ့ပြီး ပွဲပြီးဆုံးချိန်မှာတော့ ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

ဒီသုံးယောက်တွဲတိုက်စစ်ကို ပရီးမီးယားလိဂ်ရဲ့ဂိုးအများဆုံး သွင်းထားတဲ့ ဂန္တ၀င်တိုက်စစ်မှူးကြီး အလန်ရှီးယားက ချီးကျူးသွားခဲ့ပါတယ်။

ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ပွဲမှာတော့ အေဘရာဟမ် ၊ မေဆန်မောင် ၊ ကန်တီ နဲ့ ဘတ်ရှူယာရီတို့ရဲ့ဂိုးတွေနဲ့ ချဲလ်ဆီးတို့ ဒီရာသီ သူတို့ရဲ့ လေးပွဲမြောက်နိုင်ပွဲကို ရယူသွားခဲ့ပါတယ်။

နည်းပြလမ်းပတ်ရဲ့ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်လေးနေရာက လက်စတာစီးတီးအသင်းနဲ့ ရမှတ်တူ ဂိုးကွာနဲ့ အဆင့် ၅ နေရာမှာ ရပ်တည်ထားနိုင်ခဲ့ပါတယ်။

အေဘရာဟမ်ကတော့ ဒီရာသီမှာ လိဂ်ဂိုး ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ဂိုးအများဆုံး သွင်းထားသူများ စာရင်းမှာ ထိပ်ပိုင်းက ပါဝင်လာခဲ့ပါတယ်။

နံပတ် ၉ ၀တ် လူငယ်တိုက်စစ်မှူးဟာ နောက်ခံလူတွေ လူကပ်ထားတဲ့ကြားကနေ ဂိုးသမား အန်ဂတ်စ်ဂန်းကိုကျော်ကာ ဂိုးပေါက်ထဲကို ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

မေဆန်မောင့်ရဲ့ ဂိုးကလည်း အသင်းသားတွေ အချင်းချင်း နားလည်မှုရှိရှိနဲ့ ၀မ်းတူးရိုက်ကာ သွင်းယူသွားခဲ့တာပဲ ဖြစ်ပါတယ်။

အလန်ရှီးယားက “ ဒီကောင်လေးတွေ မဆိုးဘူး ၊ သူတို့ရဲ့ သုံးယောက်တွဲတိုက်စစ်ကို မြင်ရတာ စိတ်လှုပ်ရှားဖို့ကောင်းတယ် “ လို့ နောက်ပြောင်သွားခဲ့ပြီး “ သူတို့က ခွန်အားအပြည့်ပဲ ၊ အချိတ်အဆက်မိမိလည်း ကစားတယ်၊ အချင်းချင်းလည်း နားလည်မှုရှိကြတယ်။ 

တစ်ကွင်းလုံးကို မွှေနှောက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်လည်း ဝေးဝေးနေတယ်ရယ်လို့ကို မရှိဘူး။ ဒီသုံးယောက်အတူတူ တိုက်စစ်ဆင်နေတာကို ကြည့်ရတာ အရမ်းကောင်းတဲ့ ညနေစာကို စားနေရသလိုပဲ။ 

အေဘရာဟမ်နဲ့ မေဆန်မောင့်က အင်္ဂလန်လက်ရွေးစင်မှာ ရွေးချယ်ခံထားရပြီး ဟတ်ဆန်အိုဒွိုင်းကလည်း ဒဏ်ရာက ပြန်သက်သာလာတာနဲ့ အင်္ဂလန်ယူ ၂၁ အသင်းမှာ ရွေးချယ်ခံထားရတယ်။ ဒါ သူတို့အတွက် သိပ်ကိုကောင်းတဲ့ အခြေအနေတွေပါပဲ “ လို့ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ နိုင်ငံတကာပွဲစဉ်တွေ ပြီးရင်တော့ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။

#ဟက်ဆန် အိုဒွိုင်း #အလန်ရှီးယား #အေဘရာဟမ် #မေဆင်မောင့်