ရှေ့သို့
Image

ပရိသတ်တွေ သဘောကျသွားတဲ့ အစီအစဉ်တင်ဆက်သူလေးရဲ့အဖြေပေးမှု

12:43 PM, 7 October

လှပကျော့ရှင်းတဲ့ အားကစားဆိုင်ရာအစီအစဉ်တင်ဆက်သူ ဒီလက်တာလီယိုတာက သူ့ရင်သားပြသဖို့ နာပိုလီပရိသတ်တွေရဲ့ တောင်းဆိုမှုကို လှလှပပလေး ပြန်လည်တုံ့ပြန်သွားခဲ့ပြီး ပွဲကြည့်စင်ပေါ်က ပရိသတ်တွေကိုလက်မအောက်စိုက်ပြကာ အဲဒီလိုလုပ်ဖို့အဆင်မပြေဘူးဆိုတဲ့အကြောင်း တုံ့ပြန်ခဲ့တာပါ။

ပွဲကြည့်စင်ဘေးကလျှောက်လမ်းအတိုင်း လီယိုတာလမ်းလျှောက်လာစဉ်အိမ်ရှင်နာပိုလီအသင်းပရိသတ်တွေက အထက်ပါအတိုင်းပြုလုပ်ပေးဖို့ သံပြိုင်တောင်းဆိုခဲ့တာဖြစ်ပြီး လီယိုတာက မျက်နှာတစ်ချက်ပျက်မသွားဘဲ အတွေ့အကြုံရှိတဲ့ အစီအစဉ်တင်ဆက်သူပီပီ ပရိသတ်တွေသဘောကျစေမယ့် အပြုအမူနဲ့အတူ ပြန်လည်တုံ့ပြန်သွားခဲ့တာပါ။

လူမှုမီဒီယာမှာ ရေပန်းစားနေတဲ့ အဲဒီဗီဒီယိုဖိုင်ထဲမှာ လီယိုတာဟာ ပရိသတ်တွေရဲ့တောင်းဆိုမှုကို အဖြေပြန်ပေးတဲ့အနေနဲ့ လက်မကိုအောက်စိုက်ကာ မဖြစ်နိုင်တဲ့အကြောင်း အမူအရာနဲ့ပြသခဲ့တာဖြစ်ပြီး ပရိသတ်တချို့ကတော့ သူ့ရဲ့အဖြေထက် သူ့ ရဲ့ဖြေပုံဖြေနည်းကို သဘောကျနှစ်ခြိုက်သွားခဲ့ပါတယ်။

လီယိုတာဟာ အရင်တုန်းကတော့ သတင်းဌာနတစ်ခုမှာ မိုးလေဝသအစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ခဲ့ပြီးနောက် အားကစားလောကဘက်ကို ခြေဦးလှည့်လာသူဖြစ်ပြီး နာပိုလီအသင်းနဲ့ ဘရက်စီယာအသင်းတို့ရဲ့စီးရီးအေပွဲစဉ်အတွက် သတင်းတင်ဆက်ဖို့ နာပိုလီအသင်းရဲ့အိမ်ကွင်းဆန်ပါအိုလိုကွင်းကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

နာပိုလီအသင်းဟာ အဲဒီပွဲမှာ တန်းတက်ဘရက်စီယာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဧည့်သည်အသင်းအတွက် အီတလီ တိုက်စစ်မှူး ဘာလော့တယ်လီက ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

အီတလီဘောလုံးလောကမှာ ပရိသတ်တွေနဲ့ အခုလိုအမျိုးသမီး ဂျာနယ်လစ်၊ အစီအစဉ်တင်ဆက်သူတွေကြား အပြန်အလှန်ဆက်ဆံရေးတွေရှိပြီး အသက် ၂၈ နှစ် အရွယ်ရှိ လီယိုတာက အင်စတာဂရမ်မှာ ဖော်လိုဝါ ၄.၆ သန်းရှိတဲ့ အထိ လူမှုမီဒီယာမှာ အောင်မြင်မှုရရှိနေပါတယ်။

ယခုနွေရာသီတုန်းကလည်း Radio 105 ရဲ့အစီအစဉ်တင်ဆက်သူလေး လီယိုတာက ချစ်သူပစ်သွားလို့ Single ဖြစ်သွားပြီလို့ ပို့စ်တင်ခဲ့ပြီးနောက် ပရိသတ်ကြား အတော်လေးပွဲဆူသွားပါသေးတယ်။

ဒါပေမဲ့ ရုပ်သံကြည့်ပရိသတ်တွေရော သူ့ရဲ့ဖော်လိုဝါတွေရော သိပ်မကြာခင်မှာပဲ လီယိုတာရဲ့ချစ်သူဖြစ်ရေး မျှော်လင့်ချက်တွေ နောက်တစ်ခါအဆုံးသတ်သွားခဲ့ရပြီး အီတလီလက်ဝှေ့သမား ဒန်နီရယ်လီစကာဒီနာနဲ့ ချစ်ကြိုက်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

လီယိုတာဟာ အစီအစဉ်တင်ဆက်သူမဖြစ်ခင် အလှမယ်အဖြစ်လည်း သရဖူတွေရရှိခဲ့ဖူးသူဖြစ်ပြီး ၂၀၁၅ ခုနှစ်က ရောမမြို့ရှိ လူးဝစ်တက္ကသိုလ်ကနေ ဥပဒေဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။

#စီးရီးအေ #ဘာလော့တယ်လီ