ရလဒ်တွေဆိုးရွားနေတဲ့ ဆိုးလ်ရှားကို ထောက်ခံအားပေးသွားတဲ့ စတိဗ်ဘရုစ်
12:36 PM, 7 October
နယူးကာဆယ်နည်းပြ စတိဗ်ဘရုစ်က ယူနိုက်တက်အနေနဲ့ လက်ရှိမှာ ရလဒ်ဆိုးနေပေမဲ့ ဆိုးလ်ရှားက အဆိုပါ အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်နိုင်ကြောင်း ထောက်ခံပြောကြားခဲ့ပါတယ်။
ယမန်နေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ နယူးကာဆယ်က မက်တီ လောင်းစတက်ဖ်ရဲ့ သွင်းဂိုးနဲ့အတူ မန်ယူအသင်းကို အဆင့် ၁၂ရောက်အောင် ပို့ခဲ့ပါတယ်။
မန်ယူအသင်းဟာ အဆိုပါပွဲစဉ်အပြီးမှာတော့ အဝေးကွင်း ၈ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး ၁၉၈၉ စက်တင်ဘာလနောက်ပိုင်း အဆိုးဆုံး အခြေအနေနဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။
မန်ယူအသင်းမှာတော့ အဓိက ကစားသမားတွေဖြစ်တဲ့ ပေါ့ဂ်ဘာ၊ မာရှယ်၊ လင်ဂတ်၊ လုခ်ရှော၊ လင်ဂတ်နဲ့ ၀မ်ဘစ်ဆာကာတို့ ပါဝင်ခဲ့ခြင်းမရှိပဲ စတိဗ်ဘရုစ်ကတော့ ဆိုးလ်ရှားအနေနဲ့ အသင်းကို ပြန်လည်တည့်မတ်နိုင်ဦးမယ်လို့ မျှော်လင့်လျက် ရှိပါတယ်။
ဘရုစ်က "သူတို့မှာ ဆိုးရွားတဲ့ ဒဏ်ရာ ပြဿနာတွေ ရှိနေပြီး အဲ့ဒီ ကစားသမားတွေသာ ပြန်လာမယ်ဆိုရင် ပရီးမီးယားလိဂ်မှာ ပြန်လည် ဦးမော့နိုင်ဦးမှာပါ။ ဒဏ်ရာ ပြဿနာတွေ ရှိနေပမဲ့ အိုလီအနေနဲ့ အခြေအနေတွေကိ ပြောင်းပြန်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကစားသမား ၂ယောက် ၃ယောက်လောက် ပြန်လာရင် သူတို့ မတူညီတဲ့ အခြေအနေကို ရောက်ရှိသွားမှာပါ"လို့ ပြောခဲ့ပါတယ်။