ရှေ့သို့
Image

လီဗာပူးအနေနဲ့ ဖာမီနိုကို ဆုံးရှုံးရခြင်းက ဆာလက်ထက်ပိုပြီး သက်ရောက်မှုကြီးမားနိုင်ကြောင်း ကစားသမားဟောင်း သုံးသပ်

11:07 AM, 7 October

လီဗာပူးအသင်းအနေနဲ့ တိုက်စစ်မှူး ဆာလက်ကို ဆုံရှုံးရခြင်းထက် ဖာမီနိုကို ဆုံးရှုံးရခြင်းက ပိုပြီးပေးဆပ်မှု ကြီးမားနိုင်ကြောင်း ကစားသမားဟောင် ဂျေဆင် မက်တီယာက ပြောကြားခဲ့ပါတယ်။

တိုက်စစ်မှူး ဆာလက်ဟာ လက်စတာနဲ့ပွဲစဉ်မှာ ချောင်ဒူရီနဲ့ ထိခိုက်မိခဲ့ပြီး ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ယခုအချိန်ဟာ နိုင်ငံတကာ ရက်သတ္တပတ်ဖြစ်တာကြောင့် ဆာလက်ဟာ အနားယူနေခဲ့ပြီး အီဂျစ်အသင်းကလည်း ခေါ်ယူခဲ့ခြင်း မရှိတော့ပါဘူး။

လက်ရှိမှာ အမှတ်ပေးဇယားကို ၈မှတ်ဖြတ် ဦးဆောင်ထားတဲ့ လီဗာပူးအနေနဲ့ ဆာလက်ရဲ့ ဒဏ်ရာရရှိခြင်းက ထိုးနှက်ချက်တစ်ခု ဖြစ်လာမှာ မှန်ပေမဲ့ မက်တီယာကတော့ အီဂျစ်သားက အသင်းရဲ့ အဓိက ကစားသမား မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

Racing Postနဲ့ အင်တာဗျူးမှာ မက်အီတာက "ပရိသတ်တွေက လီဗာပူး လူစာရင်းရဲ့ အင်အားကို လူတွေက မေးခွန်းထုတ်ကြပါတယ်။ သူတို့က မန်စီးတီးလောက် မတောင့်တင်းဘူးဆိုပေမဲ့ သူတို့မှာ အဓိကနေရာတွေ ရှိနေပါတယ်။ အဓိက ကစားသမားတစ်ဦးသာ မရှိတော့ရင် ဘာဖြစ်သွားမလဲ ကျွန်တော်တို့ မသိနိုင်ပါဘူး။ ဒါပေမဲ့ ဂျာဂန်က အခြေအနေတွေကို ပြင်ဆင်တတ်ပြီး မတူညီတဲ့ ကစားသမားတွေကို အသုံးပြုတဲ့နေရာမှာ ကျွမ်းကျင်ပါတယ်။ အသင်းကနေ ထုတ်ပယ်လို့  မရတဲ့ ကစားသမားက ဖာမီနိုလို့ ထင်ပါတယ်"

"မာနေးနဲ့ ဆာလက်ကို မေ့ထားပြီး ဖာမီနိုက တိုက်စစ်ကို အဓိက ဦးဆောင်သူပါ။ လီဗာပူးသာ ဖာမီနိုကို ဆုံးရှုံးလိုက်ရရင် မာနေးနဲ့ ဆာလက်ထက်ပိုပြီး ပေးဆပ်မှု ကြီးသွားမယ်လို့ ထင်ပါတယ်။ စူပါဖလားပွဲကို ကြည့်လိုက်ပါ။ ချဲလ်ဆီးနဲ့ပွဲမှာ လီဗာပူးက ဖာမီနိုပါခြင်း မပါခြင်း တော်တော်လေး သိသာပါတယ်။ သူက တိုက်စစ်မှာ အဓိက လှုပ်ရှားနေသူတစ်ယောက်ဆိုတာ သိသာပါတယ်"လို့ပြောခဲ့ပါတယ်။

ဆက်လက်ပြီး မက်အီတီယာက လူငယ်ကစားသမားတွေအနေနဲ့ အာနိုးလ်ကို အတုယုကြဖို့ တိုက်တွန်းခဲ့ပါတယ်။

မက်အီတီယာက "အာနိုးလ်က ကွင်းလယ်မှာ ကစားချင်တဲ့ ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်ပေမဲ့ ညာနောက်ခံလူအဖြစ် ကစားနေရပါတယ်။ ကလိုင်း ဒဏ်ရာရသွားတဲ့အချိန်မှာ အာနိုးလ်က ညာနောက်ခံလူအဖြစ် ၀င်ကစားခဲ့ရတာပါ။ ကလိုင်း အသင်းကို ပြန်မလာနိုင်တော့တဲ့အချိန်မှာ အာနိုးလ်က ချန်ပီယံလိဂ်ဖလား ရခဲ့သလို အင်္ဂလန်မှာလည်း ညာနောက်ခံလူအဖြစ် ပွဲထွက်ခွင့်ရခဲ့ပါတယ်"လို့ ပြောသွားခဲ့ပါတယ်။

#လီဗာပူး #ဖာမီနို