ရှေ့သို့
Image

လက်စတာနဲ့ပွဲမှာ ရရှိခဲ့တဲ့ ပင်နယ်တီက မာနေးဒိုင်ဗင်ပစ်ခဲ့လို့ရတာလို့ပြောခဲ့တဲ့ အလန်ရှီးယား

4:13 PM, 6 October

မနေ့ညက အန်ဖီးလ်မှာ ကစားခဲ့တဲ့ လက်စတာစီးတီးနဲ့ပွဲမှာ နာကျင်အချိန်ပိုကျမှ မာနေးကြောင့်ရတဲ့ ပင်နယ်တီနဲ့ လီဗာပူးတို့ ၂-၁ နဲ့နိုင်ပွဲဆက်နိုင်ခဲ့ပါတယ်။

မာနေးဟာ ပွဲချိန်မိနစ် ၉၀ ကျော်မှ လက်စတာကွင်းလယ်လူ အယ်ဘရိုက်တန်နဲ့ခြေချိတ်မိပြီး လဲကျသွားခဲ့တာကြောင့် ကွင်းလယ်ဒိုင် ခရစ္စကာဗန်နာက ပင်နယ်တီသတ်မှတ်ခဲ့ပါတယ်။

VAR ကလည်း ကာဗန်နာရဲ့ ဆုံးဖြတ်ချက်ကိုအတည်ပြုခဲ့ပြီး ဂျိမ်းစ်မီလ်နာက အမှားအယွင်းမရှိကန်သွင်းပြီး ဒီရာသီမှာ ၈ ပွဲဆက်အနိုင်ယူကာ တန်းစီဇယားကိုဆက်လက်ဦးဆောင်သွားခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ နှစ်ဖက်အသင်းရဲ့ ကစားသမားအချို့ အချင်းများခဲ့ကြပြီး အလန်ရှီးယားကတော့ လက်စတာအသင်းအနေနဲ့ အခုလိုမျိုး ပွဲပြီးခါနီးမှ ပင်နယ်တီပေးလိုက်ရတာမို့လို့ ဒီလိုမှန်ကန်တယ်လို့ခံစားရကြောင်းပြောခဲ့ပါတယ်။

ရှီးယားကတော့ “ အဲ့ဒါပင်နယ်တီမဟုတ်ဘူး ဒီုင်ဗင်လို့ပဲထင်တယ်။ ကစားသမားအချင်းချင်းထိခိုက်မိရုံလောက်ပဲ။ အယ်ဘရိုက်တန်နဲ့ ထိတာထက်ပိုတဲ့ပုံစံမျိုး မာနေးကလုပ်ပြခဲ့လို့သာ ပင်နယ်တီရသွားခဲ့တာ “ လို့ပြောခဲ့ပါတယ်။

ရှီးယားရဲ့အမြင်က ဒီပွဲမှာပေးလိုက်တဲ့ ပင်နယ်တီက မရှင်းမလင်းဖြစ်နေပြီးတော့မပေးချင်လည်း မပေးပဲပဲနေလို့ရကြောင်း လက်စတာနည်းပြဘရန်ရော်ဂျာရဲ့ သဘောထားနဲ့ထပ်တူညီနေခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပထမပိုင်းမိနစ် ၄၀ မှာ သွင်းယူခဲ့တဲ မာနေးရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ် ဒါပေမဲ့ လက်စတာကွင်းလယ်လူ မက်ဒီဆင်က မိနစ် ၈၀ ကျော်မှ ချေပဂိုးပြန်သွင်းခဲ့လို့ လီဗာပူးအသင်းအကျပ်ရိုက်သွားခဲ့ပါတယ်။

ဒါပေမဲ့ မီလ်နာက နာကျင်အချိန်ပိုမှာ ရရှိလာတဲ့ ပင်နယ်တီကို ကန်သွင်းယူသွားခဲ့တာကြောင့် ရော်ဂျာအနေနဲ့ ၂၀၁၅ ခုနှစ်ကထုတ်ပယ်ခံခဲ့ရတဲ့ အန်ဖီးလ်မှာအမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။
ဒီနိုင်ပွဲကြောင့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ၁၇ ပွဲဆက်နိုင်ပွဲရရှိသွားခဲ့ပြီး မန်စီးတီးရဲ့ ၁၈ ပွဲဆက်နိုင်ပွဲစံချိန်ကို လိုက်မီဖို့ တစ်ပွဲသာလိုအပ်တော့တာပဲဖြစ်ပါတယ်။

#အလန်ရှီးယား