ရှေ့သို့
Image

ဘာစီလိုနာနဲ့ပွဲစဉ်မတိုင်ခင် မက်ဆီ့ရဲ့ စံချိန်အပေါ် အာရုံစိုက်သွားမှာမဟုတ်တဲ့ လိုပတ်တီဂွီ

9:12 AM, 6 October

ကြံ့ခိုင်မှုအပြည့်အ၀ဖြင့် မက်ဆီပြန်လည်ပါဝင်လာတဲ့ ဘာစီလိုနာဟာ ကောင်းမွန်တဲ့အသင်းဖြစ်တယ်ဆိုတာကို လိုပတ်တီဂွီက သိနားလည်ထားသော်လည်း ဆီဗီးလားအသင်းဟာ နူကမ်းတွင်ကစားမည့်ပွဲတွင် ရလဒ်ကောင်း တွေရရှိနိုင်ပါတယ်လို့ ပြောဆိုထားပါတယ်။

မက်ဆီဟာ သူ့ရဲ့ပထမဆုံး မိနစ် ၉၀တွင် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အင်တာအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ချန်ပီယံ လိဂ်ပွဲတွင်လည်းဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် ကစားသမားဟာ ခြေသလုံးနှင် ကြွက်သားဒဏ်ရာများကြောင့် ဒီရာသီတွင် လိဂ်ပွဲ ၂ပွဲ သာ ကစားထားရတာဖြစ်သော်လည်း ဆီဗီးလားနှင့်ပွဲတွင် ပါဝင်ဖို့ရှိနေတာဖြစ်ကာ သူဟာပြိုင်ပွဲစုံတွင် ဆီဗီးလား ဘက်သို့ ၃၆ ဂိုးအထိသွင်းယူထားတဲ့ တိုက်စစ်မှုးတစ်ဦးဖြစ်ပါတယ်။

'' ကျွန်တော့်ရဲ့ ကစားသမားတွေအပေါ်မှာပဲ ကျွန်တော်အာရုံစိုက်ချင်ပါတယ် '' လို့ သူက စနေနေ့ရဲ့ပွဲကြိုသတင်း စာရှင်းလင်းပွဲတွင်ပြောပါတယ်။ '' ဘာစီလိုနာဟာ ကောင်းမွန်တဲ့အသင်းဖြစ်ပြီး မက်ဆီပါဝင်ခဲ့ရင်လည်း သူက အသင်းကို ကောင်းမွန်တိုးတက်အောင်လုပ်ဆောင်နိုင်တဲ့အတွက်ကြောင့်သူတို့ဟာကောင်းမွန်မှာပါ ''

'' ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ကြီကျယ်ခမ်နားတဲ့ အမြင်တွေပေးနိုင်ဖို့အတွက်ကြိုးစားသွားမှာပါ။ အဲ့ဒီပွဲကို ကျွန်တော်တို့က စိတ်အားထက်သန်မှုတွေ၊ နိုင်လိုစိတ်တွေနဲ့သွားမှာဖြစ်ပါတယ်။ ဒီပွဲဟာ ကျွန်တော်တို့ဆီက အ ကောင်းဆုံးပုံစံကိုလိုအပ်နေတဲ့ ပွဲလည်းဖြစ်ပါတယ် ''

ဘာစီလိုနာနှင့်ကစားခဲ့တဲ့နောက်ဆုံး ၂၄ပွဲတွင် ဆီဗီးလားဟာ ၁ပွဲသာအနိုင်ရရှိခဲ့တာဖြစ်ပြီး လိုပတ်တီဂူကတော့ အသင်းရဲ့လုပ်ဆောင်မှုကို အပြည့်အ၀စောင့်ကြည့်နေတာပဲဖြစ်ပါတယ်။

'' ဘာစီလိုနာကလည်း အကောင်းဆုံးပြင်ဆင်ထားမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ် '' လို့ စပိန်နှင့် ရီးရဲလ် နည်းပြဟောင်း လိုပတ်တီဂူကပြောပါတယ်။ '' သူတို့ဟာ ကြီးမားတဲ့အဆင့်တွင်ရှိနေတာဖြစ်ပြီး ကျွန်တော်တို့က ကော င်းမွန်တဲ့ကစားသမားတွေနှင့်စုဖွဲထားတဲ့အသင်းနှင့် ရင်ဆိုင်ကစားရမှာက အသေအချာပါပဲ ''

'' ပွဲတိုင်းကတော့ ကစားရမှာဖြစ်ကာ ကျွန်တော်တို့ကတော့ အနိုင်ရရှိဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြင့် ယှဉ်ပြိုင်သွားမှာပါ။ ပွဲစဉ်တွေမှာက အချိန်ကာလတွေအများကြီးရှိပြီး ဘယ်လိုယှဉ်ပြိုင်ရမလဲဆိုတာကို ကျွန်တော် တို့က သိရမှာပါ။ ဒါကတော့ ကျွန်တော်တို့အာရုံစိုက်ရမဲ့အရာပါပဲ '' လို့ လိုပတ်တီဂွီကပြောပါတယ်။

#ဘာစီလိုနာ #လိုပီတီဂူ #ဆီဗီလာ