ရှေ့သို့
Image

အသင်းမှထုတ်ပယ်ခြင်းခံရမှာကို စိုးရိမ်ခြင်းမရှိတဲ့ စပါးနည်းပြ ပိုချက်တီနို

9:07 AM, 6 October

သူ့ရဲ့အသင်းဟာ ရလဒ်တွေဆိုးရွားနေသော်လည်း အသင်းမှထုတ်ပယ်ခြင်းခံရမှာနှင့်ပတ်သတ်ပြီး စိုးရိမ်ခြင်းမရှိပါ ဘူးလို့ စပါးနည်းပြ ပိုချက်တီနိုကပြောဆိုလိုက်ပါတယ်။

စနေနေ့က စပါးအသင်းဟာ ဘရိုက်တန်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်တွင် ဘိုင်ယန်မြူးနစ်အား ၇-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းက ကရာဘိုဖလားပွဲတွင်လည်း အသင်းဟာ လိဂ်၂ က ကိုချက်စတာကို ပင်နယ်တီအဆုံးအဖြတ် ဖြ င့် ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲမှထွက်ခဲ့ရတာဖြစ်ပါတယ်။

သူ့ရဲရာထူးနှင့်ပတ်သတ်ပြီး ကြောက်ရွံ့စိုးရိမ်မှုရှိနေလားလို့မေးရာတွင် '' ကျွန်တော် မစိုးရိမ်ပါဘူး။ ကျွန်တော် စိုးရိမ်တာက ဘောလုံးမဟုတ်ပါဘူး၊ ဘ၀ရှင်သန်ဖို့ပါ '' လို့ ပိုချက်တီနိုက ပြန်ဖြေခဲ့ပါတယ်။

#ပိုချက်တီနို #တော့တင်ဟမ်