ရှေ့သို့
Image

အသင်းခေါင်းဆောင် လိုရစ် ဒဏ်ရာရရှိသွားခြင်းက အသင်းအပေါ်ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့ကြောင်း ပိုချက်တီနိုဆို

11:22 PM, 5 October

တော့တင်ဟမ်နည်းပြ ပိုချက်တီနိုက ဘရိုက်တန်ကို ၃-၀ဖြင့် ရှုံးနိမ့်ခဲ့ခြင်းက အသင်းခေါင်းဆောင် လိုရစ် ပွဲအစမှာ ဒဏ်ရာရရှိသွားခြင်းကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂိုးသမား လိုရစ်ဟာ ပွဲအစမှာ ဘရိုက်တန် ကွင်းလယ်လူ ဂရော့စ်ရဲ့ ဖြတ်တင်ဘောကို ကာကွယ်ရာမှာ ဟန်ချက်ပျက်ခဲ့ကာ ဘောလုံးလွတ်ကျခဲ့ပြီး မော်ပေးက ဦးဆောင်ဂိုးသွင်းယူသွားခဲ့ပါတယ်။

ဒါ့အပြင် လိုရစ်ကလည်း ဘယ်ဘက်လက်မောင်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ဟန်ရပြီး အောက်ဆီဂျင်ပေးကာ ဆေးရုံကို ခေါ်ဆောင်သွားခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဘရိုက်တန်က ပွဲကို အကောင်းဆုံးထိန်းချုပ်သွားခဲ့ပြီး ကွန်နိုလီက ၂ဂိုး ထပ်မံသွင်းယူကာ ၃ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

တော့တင်ဟမ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဘိုင်ယန်မြူးနစ်ကို ၇-၂ဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သလို ယနေ့ပွဲစဉ်မှာလည်း လိုရစ်ရဲ့ ဒဏ်ရာရရှိမှုက အသင်းအပေါ် တော်တော်လေး သက်ရောက်ခဲ့ဟန် ရှိနေပါတယ်။ ပွဲအပြီးမှာ ပိုချက်တီနိုက "လိုရစ်ရဲ့ ဒဏ်ရာက အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် တော်တော်လေး သက်ရောက်ခဲ့ပါတယ်။ ဒါက တော်တောလေး စောပါတယ်။ အစောကြီး ၁ဂိုးပေးလိုက်ရပြီးတော့ အသင်းခေါင်းဆောင်ကို ဆုံးရှုံးလိုက်ရတာက အသင်းအပေါ် တော်တော်လေး ရိုက်ခတ်ါသွားခဲ့ပါတယ်။ ကျွန်တော်တို့ ပြဿနာကို ဖြေရှင်းဖို့ အဖြေရှာပေမဲ့ ဘာမှဖြစ်မလာခဲ့ပါဘူး။ ဒါက တော်တော်လေး ခက်ခဲတဲ့ အခိုက်အတန့်ပါပဲ"လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ပိုချက်တီနိုက "ကျွန်တော် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ပရိသတ်တွေက တော်တော်အားထည့်ကာ အာေးပးခဲ့ကြပြီး ကျွန်တော်တို့ ဒီလောက်ပဲ လုပ်ပြနိုင်ခဲ့ပါတယ်။ ၅နှစ်ခွဲဆိုတဲ့ အချိန်အပြီး အခုတော့ ကျွန်တော်တို့ တော်တော်လေး ခက်ခဲတဲ့ အခြေအနေကို ခံစားနေရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ခံစားလွယ်ခဲ့တာပါ"လို့ ပြောသွားခဲ့ပါတယ်။


#ပိုချက်တီနို #တော့တင်ဟမ်