ရှေ့သို့
Image

ယူနိုက်တက်ပစ်မှတ် မက်ဒီဆင်ကို ခေါ်ယူဖို့ပြင်ဆင်နေတဲ့ စပါး

10:23 AM, 5 October

စပါးအသင်းဟာ ယူနိုက်တက်အသင်းကခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ လက်စတာကွင်းလယ်လူ မက်ဒီဆင်ကို  ကွင်းလယ်ကစားသမား အဲရစ်ဆင်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ပစ်မှတ်ထားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ လက်ရှိအချိန်မှာ အသင်းကနေထွက်ခွာဖို့ပြင်ဆင်နေပြီး အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ကိုလည်း ငြင်းဆိုထားတာဖြစ်ပါတယ်။

လက်ရှိအသင်းနဲ့ စာချုပ်ကလည်း နောက်ဆုံးနှစ်ထဲကိုရောက်ရှိလာတာကြောင့်  စပါးအသင်းက ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာ ရောင်းချဖို့အတွက်ပြင်ဆင်နေပါတယ်။

ဒေးလီးစတားလ်သတင်းဌာနကတော့ လက်စတာ အသင်းဟာ မက်ဒီဆင်အတွက် မြင့်မားတဲ့တန်ကြေးတစ်ရပ်ကိုအလိုရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

လန်ဒန်ကလာတဲ့သတင်းတွေအရ စပါးအသင်းဟာ အဲရစ်ဆင်ရဲ့နေရာအတွက် လက်စတာအသင်းကွင်းလယ်ကစားသမားကို ချိန်ရွယ်နေပြီး ယူနိုက်တက်ထက် လက်ဦးမှုရယူသွားဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။

#စပါး #အဲရစ်ဆင် #မက်ဒီဆင်