ရှေ့သို့
Image

ဗီလာရီးရဲလ်အသင်းရဲ့ ကစားသမား ၄ ယောက်အထိပါဝင်လာပြီး ကာဇိုလာ ပြန်လည်ပါဝင်လာတဲ့ စပိန်အသင်း ရဲ့လူစာရင်း

9:03 AM, 5 October

နော်ဝေ၊ ဆွီဒင်တို့နှင့်ကစားမည့် ယူရို ၂၀၂၀ ခြေစစ်ပွဲအတွက် စပိန်အသင်းရဲ့လူစာရင်းတွင် ကာဇိုလာက ပြန်လာ ပါဝင်လာခဲ့ပါတယ်။

လက်ရွေးစင်အသင်းနှင့် ၃နှစ်တာဝေးကွာခဲ့ပြီးနောက် အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ မေလတွင်  ပြန်လည် ရွေးချယ်ခံခဲ့ရသော်လည်း စက်တင်ဘာလတုန်းက ရိုမေးနီးယားနှင့် ဖာရိုကျွန်းစုများအသင်းတို့အား အနို်င်ရရှိခဲ့တဲ့ပွဲစဉ်များတွင်တော့ ချန်လှပ်ထားခြင်းကိုခံခဲ့ရပါတယ်။

ကာဇိုလာရဲ့ ရာသီအစတွင် ခြေစွမ်းပြမှုများကြောင့် လက်ရွေးစင်အသင်းရဲ့ပြန်လည်ခေါ်ယူခြင်းကိုခံခဲ့ရပြီး နည်းပြ ရောဘတ်မိုရီနိုရွေးချယ်တဲ့ ဗီလာရီးရဲလ်ကစားသမားလေးဦးထဲကတစ်ဦးဖြစ်လာခဲ့ပါတယ်။ သူဟာ တောရက်စ်၊ အယ်လ်လီလို၊ မိုရီနိုတို့နှင့်အတူ ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

တောရက်စ်နှင့် မိုရီနိုတို့ကတော့ ဒီရာသီစ လာလီဂါတွင်ခြေစွမ်းပြသခဲ့တာဖြစ်ပြီး ဒီလတွင်တော့ စပိန်စီနီယာ အသင်းကြီးရဲ့ ပထမဆုံးရွေးချယ်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။

ရီးရဲလ်မှဆီဗီးလားသို့ အငှားသွားရောက်ကစားနေတဲ့ ရီဂူလွန်ကလည်း မိုရီနိုရဲ့လူစာရင်းတွင်ပါဝင်လာတဲ့ မျက်နှာ သစ်ကစားဖြစ်ပါတယ်။

လာဇီယိုရဲ့ အယ်လ်ဘာတိုကလည်း ပြန်လည်ပါဝင်လာခဲ့ပြီး စပိန်ကတော့ အုပ်စု F တွင်အကောင်းဆုံးဖြစ်ဖို့ အတွက်ပြင်နေပါတယ်။

ဂျော်ဒီအယ်လ်ဘာကတော့ ဒဏ်ရာကြောင့် မပါဝင်တာဖြစ်ပြီး ဘက်စ်ကွက်ကတော့ ၂၄ ယောက်စာရင်းတွင်ပါ ၀င်ခဲ့တဲ့ တစ်ဦးတည်းသော ဘာစီလိုနာကစားသမားဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ ကိုယ်စားပြုအဖြစ် ရာမို့စ်နှင့် ကာဗာဂျယ်တို့က ပါဝင်ခဲ့ပါတယ်။

စပိန်အသင်းရဲ့လူစာရင်း
ဂိုး        -    ကီပါ (ချဲလ်ဆီး)၊ ဒီဂီယာ (မန်ယူ)၊ လိုးပတ်ဇ် (ရိုးမား)။
နောက်တန်း    -    အယ်လ်ဘီလို (ဗီလာရီးရဲလ်)၊ ဘားနက် (ပီအက်စ်ဂျီ)၊ ကာဗာဂျယ် (ရီးရဲလ်မက်ဒရစ်)၊ လော်ရန်တေး (ရီးရဲလ်ဆိုစီဒတ်စ်)၊ မားတီးနက်ဇ် (ဘီဘာအို)၊ နေးဗတ်စ် (ဆီဗီးလား)၊ ရာမို့စ် (ရီးရဲလ်မက်ဒရစ်)၊ ရီဂူလွန် (ဆီဗီးလား)၊ တောရက်စ် (ဗီလာရီးရဲလ်)။
အလယ်တန်း    -    အယ်လ်ဘာတို (လာဇီယို)၊ အယ်လ်ကန်တာရာ (ဘိုင်ယန်)၊ ဘတ်စ်ကွက် (ဘာစီလိုနာ) ၊ ကာဇိုလာ (ဗီလာရီးရဲလ်)၊ ဆီးဘယ်လော့စ် (ဆာဆင်နယ်)၊ ဖေဘီယန် (နာပိုလီ)၊ ဆူးလ်နီဂူးဇ် (အေတီကို)၊ ရိုဒရီဂို (စပိန်)၊ ပေါ်လိုဆာရာဘီယာ (ဆီဗီးလား)။
ရှေ့တန်း        -    ဂါရက်မိုရီနို (ဗီလာရီးရဲလ်)၊ ရိုဒရီဂိုမိုရီနို (ဗလင်စီယာ)၊ အိုရာဇဘယ် (ရီးရဲလ်ဆိုစီဒတ်စ်)

#ကာဇိုလာ