ရှေ့သို့
Image

နောက်ခံလူ ဝေါ်ကာကိုအရည်အချင်းတွေထုတ်ပြဖို့တိုက်တွန်းခဲ့တဲ့ ဂွါဒီယိုလာ

8:22 PM, 4 October


မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကတော့ နောက်ခံလူ ဝေါ်ကာအနေနဲ့ လက်ရွေးစင်မှာမရွေးချယ်ခံရတာကိုစိတ်မပျက်ပဲ အရည်အချင်းတွေကိုဆက်လက်ထုတ်ပြဖို့တိုက်တွန်းပြောကြားလိုက်ပါတယ်။


အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကတော့ ညာနောက်ခံလူနေရာအတွက် အာနိုးလ်နဲ့ ထရစ်ပီယာတို့ကိုသာရွေးချယ်ခဲ့တာဖြစ်ပါတယ်။


ဒါပေမယ့် စီးတီးနည်းပြကတော့ အင်္ဂလန်သားအနေနဲ့ ပုံစံကောင်းတွေဆက်ထိန်းထားဖို့တိုက်တွန်းခဲ့ပါတယ်။


“ဝေါ်ကာကတကယ်ကောင်းတဲ့နောက်ခံလူတစ်ဦးပါ။ သူ့အနေနဲ့ နိုင်ငံအသင်းမှာ ရွေးချယ်မခံရတာကို စိတ်မပျက်ဖို့လိုပါတယ်။ ပြီးတော့ ကလပ်အသင်းမှာ ခြေစွမ်းကောင်းတွေဆက်ထိန်းနိုင်ဖို့လိုပါတယ်”လို့ စပိန်သားကဆိုပါတယ်။


ညာနောက်ခံလူ ဝေါ်ကာဟာ စပါးအသင်းကနေ မန်စီးတီးအသင်းကိုပြောင်းရွှေ့လာပြီးနောက် ပုံစံကောင်းတွေဆက်တိုက်ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းအနည်းငယ်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။


အသက် ၂၉ နှစ်သား တနင်္ဂနွေ ၀ုဗ်နဲ့ပွဲမှာ ပါဝင်နိုင်ဖွယ်ရှိနေပေမယ့် စီးတီးနည်းပြကတော့ ကန်ဆယ်လိုမှာ အခွင့်အရေးရှိနေတယ်လို့ ဆိုပါတယ်။


“သူ (ကန်ဆယ်လို) က ပုံစံကောင်းတစ်ချို့ပြသနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲကဆိုလည်း သူ့ခြေစွမ်းက တော်တော်လေးကောင်းပါတယ်။ သူအသင်းနဲ့တဖြည်းဖြည်းအံဝင်လာပါပြီ”လို့ ဂွါဒီယိုလာက ချီးကျူးပြောကြားခဲ့ပါတယ်။

#မနျစီးတီး #ကိုင်လီ ဝေါ်ကာ