ရှေ့သို့
Image

လက်စတာနဲ့ပွဲမှာ လီဗာပူး ခြေချော်လိမ့်မယ်လို့ ခန့်မန်းခဲ့တဲ့ နီကိုးလက်စ်

5:22 PM, 4 October

စကိုင်းစပေါ့ သတင်းတင်ဆက်သူ ချာလီ နီကိုးလက်စ်ကတော့ စနေနေ့မှာ ကစားမယ့် လက်စတာ အသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးအသင်း အမှတ်လျော့လိမ့်မယ်လို့ ခန့်မှန်း ပြောကြားလိုက်ပါတယ်။

လက်ရှိ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲဆက်နေပြီး  အမှတ်ပေးဇယားမှာ ဒုတိယနေရာက မန်စီးတီးအသင်းကို ၅ မှတ်ဖြတ်ကာ ဦးဆောင်နေတာ ဖြစ်ပါတယ်။

နည်းပြ ကလော့ပ်ရဲ့  လီဗာပူးအသင်းဟာ ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ၄-၃ ဂိုးနဲ့ အနိုင် ရရှိခဲ့ပါတယ်။

လက်စတာကတော့ နည်းပြသစ် ဘရန်ဒန်ရော်ဂျာ လက်ထက်မှာ ပုံစံကောင်းတွေ ဆက်တိုက်ပြသနေပြီး အဆင့် ၃ နေရာအထိကို တက်ရောက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်စတာအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ ဇန်န၀ါရီလတုန်းကလည်း ရင်ဆိုင် ကစားခဲ့ကြပြီး တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်မှူးဟောင်း နီကိုးလက်စ်ကတော့ အဆိုပါပွဲစဉ်မှာ လီဗာပူးနဲ့ လက်စတာတို့ တစ်ဖက် ၂ ဂိုးစီ သရေတစ်မှတ် ခွဲယူသွားမယ်လို့ ဆိုပါတယ်။

“လက်စတာအတွက် ကြီးမားတဲ့ စမ်းသပ်မှု တစ်ခုပါ။ ထိပ်ဆုံး ၆ သင်း နေရာအတွက် သူတို့က စိန်ခေါ်နိုင် လောက်ပါတယ်။ 

စပါးအသင်းကို အနိုင်ကန်ထားပြီး ယူနိုက်တက်ကို သရေကန်ထားပါတယ်။ အခု အန်ဖီးလ်မှာလည်း ထပ်ပြီး စွမ်းဆောင်နိုင်မယ်လို့ ထင်ပါတယ်”လို့ နီကိုးလက်စ်က ပြောပါတယ်။

“လီဗာပူးနောက်တန်းက အခုရာသီမှာ ပြီးခဲ့တဲ့ ရာသီကထက် အခြေအနေ နည်းနည်း ဆိုးဝါးနေပါတယ်။ ဒါပေမယ့် ၅ မှတ်တော့ ဖြတ်ထားနိုင်ပါတယ်။ လက်စတာနဲ့ ပွဲကိုတော့ သူတို့ သတိထားသင့်ပါတယ်။

ဆဲလ်ဘတ်နဲ့ ပွဲမှာ ၃ ဂိုးပြတ် ဦးဆောင်ထားပြီးမှ ၃ ဂိုး ပြန်ပေးလိုက်ရပါတယ်။ လက်စတာနဲ့ ပွဲမှာ အခုလိုမျိုး ဖြစ်ရင်တော့ ခံသွားရနိုင်ပါတယ်”လို့ နီကိုးလက်စ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

#လီဗာပူး #ချာလီ နီကိုးလပ်စ်