ရှေ့သို့
Image

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထိုက်တန်ကြောင်း တီယာနေးပြောကြား

5:02 PM, 4 October

အာဆင်နယ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထိုက်တန်ကြောင်း ဘယ်နောက်ခံလူ တီယာနေးက ပြောကြားသွားခဲ့ပြီး နည်းပြ အူနိုင်းအမ်မရီနဲ့အတူ အသင်းသားတွေက အဆုံးထိ တိုက်ပွဲဝင်သွားမယ့် အကြောင်း ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၁၅-၁၆ ရာသီနောက်ပိုင်း ထိပ်ထန်းအဆင့်မှာ မရှိတော့ဘဲ ယူရိုပါလိဂ်အတွက်သာ တိုက်ပွဲဝင်နေရကာ ယမန်နှစ်ကလည်း ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ယမန်နေ့ညက စတန်းဒက်လိဂ်ကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ တီယာနေးက "အသင်းက ကြီးကျယ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထိုက်တန်ပါတယ်။ အသင်းရဲ့ ရည်မှန်းချက်ကို ကျွန်တော်တို့ သိရှိပြီး အတူတကွ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ လုံလောက်တဲ့ စွမ်းဆောင်ရည်တွေ ရှိပါတယ်"လို့ ပြောခဲ့ပါတယ်။

တီယာနေးဟာ ဒဏ်ရာကြောင့် ရာသီအစ ပွဲစဉ်တွေမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်မှာမှ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး တီယာနေးက "ကျွန်တော် နေ့တိုင်းအကောင်းဆုံး ကြိုးစားနေပြီး နည်းပြကလည်း ကျွန်တော့်ကို ယုံကြည်သလို ကျွန်တော်ကလည်း ၁၀၀% ပေးဆပ်ကစားနေပါတယ်"လို့ ပြောခဲ့ပါတယ်။

#တီယာနေး