ရှေ့သို့
Image

မန်ယူထက် ရီးရဲလ်ကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်ဆိုတဲ့ ဆန်ချို

4:09 PM, 4 October

အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ဂျာဒန်ဆန်ချိုဟာ ၂၀၁၇ ခုနှစ်က မန်ချက်စတာ စီးတီးအသင်းကနေ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံ ၆၄ ပွဲ ပါဝင်ကစားကာ ဂိုးဖန်တီးမှု ၂၉ ကြိမ်နဲ့ သွင်းဂိုး ၁၈ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းကတော့ လာမယ့်နွေရာသီမှာ အင်္ဂလန်လက်ရွေးစင် လူငယ်လေးကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယူဆထားပြီး လက်ရှိအသင်းက ရုန်းကန်နေရပေမဲ့လည်း ဆယ်ကျော်သက် ကစားသမားလေးကို သေချာပေါက် ခေါ်ယူနိုင်လိမ့်လို့ အပိုင် တွက်ထားခဲ့ပါတယ်။

သို့သော်လည်း စပိန်ကလာတဲ့ သတင်းတွေအရတော့ ဆန်ချိုဟာ ဆိုးလ်ရှားရဲ့ယူနိုက်တက်အသင်းကို ငြင်းပယ်ကာ ရာသီကုန်မှာ စပိန်အင်အားကြီးအသင်း ရီးရဲမက်ဒရစ်ကိုသာ ရွေးချယ်သွားလိမ့်မယ်လို့ ဖော်ပြနေကြပါတယ်။

ဆန်ချိုဟာ မန်စီးတီးမှာတုန်းကတော့ နေရာမရခဲ့ဘဲ အဓိက ကစားသမားတစ်ဦး ဖြစ်လာဖို့အတွက် ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ဖို့ မန်စီးတီးရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ငြင်းပယ်ခဲ့တာပဲ ဖြစ်ပါတယ်။

တောင်ပံ ကစားသမားလေးဟာ အင်္ဂလန်လက်ရွေးစင်မှာလည်း အရေးပါတဲ့ ကစားသမား တစ်ယောက်ဖြစ်လာပြီး ကိုဆိုဗိုနဲ့ပွဲမှာ အင်္ဂလန်အသင်းအတွက် ပထမဆုံး သွင်းဂိုးနှစ်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆန္ခ်ဳိ