ရှေ့သို့
Image

ဘိုင်ယန်ကို ၇ ဂိုးရှုံးတဲ့ပွဲက ပိုချက်တီနိုရဲ့ နည်းစနစ်တွေကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့တဲ့ ဆစ်ဆိုကို

3:38 PM, 4 October

တော့တင်ဟမ် ကွင်းလယ်လူ မောက်ဆာ ဆစ်ဆိုကိုက ဘိုင်ယန်မြူးနစ်ကို ၇-၂ ဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အသုံးပြုခဲ့တဲ့ နည်းပြ ပိုချက်တီနိုရဲ့ နည်းစနစ်တွေကို ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ တော့တင်ဟမ်အသင်းဟာ သမိုင်းတစ်လျောက် အဆိုးရွားဆုံး ရှုံးနိမ့်မှုအဖြစ် ၇ ဂိုးပေးခဲ့ရပြီး အာဆင်နယ် ကစားသမားဟောင်း ဂနာဘရီက ၄ ဂိုး သွင်းယူသွားခဲ့ပါတယ်။

အဆိုပါ ရှုံးနိမ့်မှုကြောင့် ပိုချက်တီနိုရဲ့ အနာဂတ်အပေါ် မေးခွန်းထုတ်မှုတွေ ရှိလာခဲ့ပြီး ကာရာဘောင်ဖလားမှာလည်း ကိုချက်စတာအသင်းကို ပင်နယ်တီဖြင့် ရှုံးနိမ့်ပြီး ထွက်ခဲ့ရပါတယ်။

RMC နဲ့ အင်တာဗျူးမှာ ပြောကြားရာမှာ ဆစ်ဆိုကိုက "ကျွန်တော်တို့ ကြယ်ပွင့်ပုံစံကစားပုံ ကစားတာကြောင့် ကြံ့ခိုင်မှုပိုင်းမှာ တော်တော်လေး အသုံးပြုရတဲ့အတွက် ပင်ပန်းမှုတွေ ဖြစ်ပေါ်လာပြီး အလျှော့ပေးလိုက်တာ မြန်ဆန်လွန်းပါတယ်"လို့ ပြောခဲ့ပါတယ်။ 

ကြီးမားတဲ့ ရှုံးပွဲတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပေမယ့် စပါးဘုတ်အဖွဲ့ကတော့ မေလကမှ ၅ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားတဲ့ ပိုချက်တီနိုကို ထောက်ခံမှု အပြည့်အ၀ ပေးနေဆဲပါပဲ။

#ပိုချက်တီနို #ဆစ်ဆိုကို #တော့တင်ဟမ်