ရှေ့သို့
Image

ယူရိုပါလိဂ်မှာ အထူးခြေစွမ်းပြခဲ့တဲ့ တီယာနေးကို မာတင်ကီအွန် အထူးချီးကျူးခဲ့

2:43 PM, 4 October

အာဆင်နယ် ကစားသမားသစ် တီယာနေးဟာ ယမန်နေ့ညက စတန်းဒက်လိဂ်နဲ့ ပွဲစဉ်မှာ အာဆင်နယ် ကစားသမားဘ၀ ဒုတိယမြောက်ပွဲစဉ်အဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ တီယားနေးရဲ့ အဆိုပါ ပွဲစဉ်က ခြေစွမ်းတွေက ကိုလာစီနက်စ်အပေါ် ဖိအားတွေ ရောက်ရှိသွားစေမှာ ဖြစ်ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း မာတီကီအွန်ကတော့  အဆိုပါပွဲစဉ်က စကော့တလန်သားရဲ့ ခြေစွမ်းကို ချီးကျူးသွားခဲ့ပါတယ်။ တီယာနေးဟာ အဆိုပါ ပွဲစဉ်မှာ မိနစ် ၉၀ လုံး ကစားခဲ့ပြီး မာတီနယ်လီရဲ့ ခေါင်းတိုက်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။

မာတင်ကီအွန်က BT Sport မှာ ပြောကြားရာမှာ "ကျွန်တော် အသင်းကို မြင်ကတည်းက တကယ်ကို ကျေနပ်မိတာပါ။ ခြေစွမ်းပြမှုအချို့ တွေ့ခဲ့ရပြီး အထူးသဖြင့် တီယာနေးပေါ့။ ဘယ်လာရင်ကတော့ အသင့် မဖြစ်သေးတဲ့ပုံပါပဲ။ ဒါပေမဲ့ တီယာနေးကတော့ ဘယ်လာရင်ထက်တောင် အသင်းမှာပိုပြီး အံဝင်နေတာ တွေ့ရပါတယ်။ ဟိုးဒင်ကတော့ တကယ်ကို ကောင်းမွန်ပြီး တည်ငြိမ်ပါတယ်။ ကျွန်တော် ၀ီးလ်လော့ခ်၊ တော်ရဲရား ကွင်းလယ်ကို ကြိုက်ပါတယ်။ ပွဲထွက်ခွင့်အတွက် တိုက်ပွဲတွေက အမ်မရီ လိုချင်တာပါပဲ။ တီယာနေးရဲ့ ဘယ်ခြမ်းက ခြေစွမ်းတွေကြောင့် ကျွန်တော် ထိုင်ရာကနေ ထပြီးတောင် အားပေးမိပါတယ်။ အသင်းက ဖိအားအောက်ကို ရောက်ရင် ကိုလာစီနက်လည်း ဖိအားအောက်ကို ရောက်သွားတာပါပဲ။ ဟိုဒင်းရဲ့ ဒီညခြေစွမ်းက တစ်ရာသီလုံးအတွက် ပွဲထွက်ခွင့် ထိုက်တန်ဆိုတာ ပြသနေပါတယ်"လို့ ပြောသွားခဲ့ပါတယ်။

#စတန်းဒက်လွီဂီး #ကိုလာစီနက်စ် #တီယာနေး