ရှေ့သို့
Image

အင်္ဂလန် လူစာရင်းကနေ ထပ်မံ ချန်လှပ်ခံခဲ့ရတဲ့ ဝေါ်လ်ကာ နိုင်ငံအသင်းအတွက် အခွင့်အရေး မရှိတော့ဘူးလား

1:10 PM, 4 October

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ကိုင်လီ ဝေါ်လ်ကာကို အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခြဲ့ပီးနောက် မန်စီးတီး နောက်ခံလူအနေနဲ့ နိုင်ငံကစားသမားဘ၀ ပြီးဆုံးသွားပြီလို့ ယုံကြည်နေပြီ ဖြစ်ပါတယ်။ ဝေါ်လ်ကာဟာ အသက် ၂၉ နှစ်မှာပဲ နိုင်ငံကစားသမားဘ၀ ကုန်ဆုံးရဖို့ ရှိနေတာပါ။

နည်းပြ ဆောက်ဂိတ်ကတော့ ပြီးခဲ့တဲ့လက ဝေါ်လ်ကာဟာ အသင်းရဲ့ ဦးစားပေး ကစားသမား ဖြစ်နေဆဲလို့ ပြောခဲ့ပေမယ့် တကယ်တမ်း လူစာရင်းမှာတော့ ချန်လှပ်ခဲ့ပါတယ်။ ယခု ချက်၊ ကိုဆိုဗိုတို့နဲ့ ကစားမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ပြန်လည်ပါဝင်လိမ့်မယ်လို့ ဝေါ်လ်ကာက ယုံကြည်နေပေမယ့် ဆောက်ဂိတ်ကတော့ အာနိုးလ်နဲ့ ထရစ်ပီးယားတို့သာ ရွေးချယ်ပြီး မန်စီးတီး နောက်ခံလူကို ချန်လှပ်သွားခဲ့တာပါ။

လွန်ခဲ့တဲ့ ၁ နှစ်ကပဲ ဝေါ်လ်ကာဟာ အင်္ဂလန်ကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ရောက်ရှိအောင် ကူညီပေးခဲ့ပြီး ဆုဖလား ၁၀၀ လောက် ရယူမယ်လို့ ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။ ဝေါ်လ်ကာနဲ့ နီးစပ်သူတစ်ဦးက ပြောကြားရာမှာ "သူ အင်္ဂလန် ကစားသမားဘ၀ ကုန်ဆုံးသွားပြီလားဆိုပြီး ကြောက်နေပါပြီ။ သူက အသက် ၂၉ သာ ရှိသေးပြီး ကစားသမားဘ၀ အကောင်းဆုံးအချိန်မှာ ရှိနေပါတယ်။ သူ အင်္ဂလန်လူစာရင်းမှာ ပါဝင်သင့်တယ်လို့ ထင်နေပါတယ်။ ဒါပေမဲ့ ဆောက်ဂိတ်ကတော့ အသင်းမှာ မလိုအပ်ဘူးလို့ ထင်ပါတယ်။ ဒါတွေက ဝေါ်လ်ကာအတွက်တော့ မကောင်းပါဘူး"လို့ ဆိုပါတယ်။

ဝေါ်လ်ကာကို ဘာလို့ ထပ်မံ ချန်လှပ်ခဲ့သလဲဆိုတဲ့ မေးခွန်းကို ဆောက်ဂိတ်က "ကျွန်တော် ပြီးခဲ့တဲ့လက မတူညီတဲ့ နောက်ခံအစွန်လူတွေကို ရှာဖွေချင်တယ်လို့ ပြောခဲ့ပါတယ်။ ထရစ်ပီးယားနဲ့ အာနိုးလ်တို့ ပြီးခဲ့တဲ့ ပွဲတွေမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေက တကယ်ကို ကျေနပ်စရာပါပဲ"လို့ ပြောခဲ့ပါတယ်။

#အာနိုး #ကိုင်လီ ဝေါ်ကာ #ထရစ်ပီးယား