ရှေ့သို့
Image

ဗာတွန်ဂန်ရဲ့ မျက်လုံးညိုခဲ့ရတဲ့ အကြောင်းအရင်း ထွက်ပေါ်လာ

1:01 PM, 4 October

စပါးအသင်းနောက်ခံလူ ဗာတွန်ဂန်တစ်ယောက် မျက်လုံးညိုခဲ့ရတဲ့ အကြောင်းအရင်း ထွက်ပေါ်လာခဲ့ပြီး အဆိုပါ အဖြစ်အပျက်ဟာ အသင်းဖော် အဲရစ်ဆင်နဲ့ မတော်တဆ ထိခိုက်မိခဲ့တာကြောင့်လို့ သတင်းတွေက ဆိုပါတယ်။

အဲရစ်ဆင်ကတော့ တွစ်တာမှာ သူ့ကိုစွပ်စွဲခဲ့တာတွေနဲ့ ပတ်သတ်ပြီး ဒေါသတကြီး တုံ့ပြန်ခဲ့သလို ဗာတွန်ဂန် နဲ့ သူ့ရဲ့ဇနီးဖြစ်သူ ဆာဘရီနာတို့လည်း ပါဝင်လာခဲ့ပါတယ်။

အဆိုပါ နောက်ခံလူဟာာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ အိမ်ကွင်းမှာ ဆောက်သမ်တန်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်မရရှိခင်က ဗာတွန်ဂန်ရဲ့မျက်လုံးက ညိုမည်းနေခဲ့တာ ဖြစ်ပါတယ်။

Starsport သတင်းဌာနကတော့ ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ အသင်းဖော်နဲ့ လေ့ကျင့်ရေးကွင်းမှာ မတော်တဆ ထိုခိုက်မိတာကြောင့် မျက်လုံးညိုခဲ့တာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

စပါးအသင်းကတော့ အင်္ဂါနေ့က အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းကို ၇-၂ ဂိုးနဲ့  ဂိုးပြတ် အရေးနိမ့်ခဲ့တာပါ။

စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့သွင်းဂိုးနဲ့ အိမ်ကွင်းမှာ  ဦးဆောင်နိုင်ခဲ့ပေမယ့် ကင်မစ်ခ်ျရဲ့သွင်းဂိုးနဲ့ ဘိုင်ယန်မြူးနစ်က ပြန်လာနိုင်ခဲ့ပြီး အဲ့နောက်မှာတော့ လီဝန်ဒေါ့စကီး ၊ ဒုတိယပိုင်းမှာ အာဆင်နယ် ကစားသမားဟောင်း ဂနာဘရီရဲ့သွင်းဂိုးတွေနဲ့ ဘိုင်ယန်ုမြူးနစ်အသင်းက အနိုင် ရရှိခဲ့ပါတယ်။

စပါးအသင်းက  အဆိုပါ ရှုံးပွဲကြောင့် အိမ်ကွင်းမှာ ပထမဆုံးအကြိမ် ၇ ဂိုးအထိ ခွင့်ပြုခြင်း ခံခဲ့ရပါတယ်။

နည်းပြ ပိုချက်တီနိုရဲ့ စပါးအသင်းဟာ စနေနေ့မှာ ဘရိုက်တန်အသင်း အိမ်ကွင်းကို သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

#စပါး #အဲရစ်ဆင် #ဗာတွန်ဂန်