ရှေ့သို့
Image

ဗာတွမ်ဂန် သူ့ရဲ့ချစ်သူနဲ့အိပ်ခဲ့တယ်ဆိုတဲ့ ကောလာဟလကြောင့် ဒေါသထွက်နေတဲ့ အဲရစ်ဆင်

9:50 AM, 3 October

သူ့ရဲ့ စပါးအသင်းဖော် ဗာတွမ်ဂန်နှင့် သူ့ရဲ့ချစ်သူတို့က ပတ်သက်မှုတွေရှိနေကြပါတယ်လို့တဲ့ ကောလာဟလတွေ ကို ''bulls*** '' လို့ ခေါင်းစဉ်တပ်ကာ ပြန်လည်တုန့်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က ပေါ်ပေါက်ခဲ့တဲ့ အတင်းအဖျင်းသတင်းများနှင့်ပတ်သက်ပြီး အဲရစ်ဆင်နှင့် ဗာတွန်ဂမ်တို့ နှစ်ဦးလုံးက တွစ်တာတွင် ဒီနေ့မှာ ပြန်လည်ရေးသားခဲ့ကြတာဖြစ်ပါတယ်။

ဗာတွန်ဂမ်နှင့် အဲရစ်ဆင်တို့ကြားတွင် စိတ်ဝမ်းကွဲမှုရှိနေပါတယ်လို့ စွပ်စွဲထားတဲ့ ပုံနှင့်အတူ တွစ်တာအသုံးပြုသူ တစ်ဦးက တင်ခဲ့တာပါ။

''စပါးအသင်းက ဗာတွမ်ဂန်ဟာ အဲရစ်ဆင်ရဲ့ချစ်သူနှင့် အိပ်ခဲ့ပါတယ်။ ဟယ်ရီကိန်းကလည်းပါဝင်ခဲ့ပြီး အ၀တ်လဲခန်းမှာ ကြီးမားတဲ့ပြဿနာပါပဲ '' လို့ ရေးသားထားတာပါ။

''ဗာတွမ်ဂန်ကို စာချုပ်အသစ် ချုပ်ဖို့အတွက် ကမ်းလှမ်းထားတယ်ဆိုတာကို ကလပ်က ငြင်းဆိုထားတာပါ။ အဲရစ်ဆင်ကလည်း ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွေ့ဖို့အတွက်ရှိခဲ့သော်လည်း ပုဂ္ဂိုလ်ရေးအရာ အကြောင်းပြချက်များ ကြောင့် စာချုပ် ချုပ်ဆိုဖို့ကို ရပ်တန့်ခဲ့တာပါ ''

''ဘောလုံးကစားဖို့အတွက် သူကကောင်းမွန်တဲ့နေရာတွင် မရှိသေးပါဘူးလို့ အဲရစ်ဆင်ကပြောထားတာပါ။ ဒီအခြေအနေကိုတော့ ပိုချက်တီနိုက မဖြေရှင်းနိုင်သေးပါဘူး။ နွေရာသီတွင် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွေ့ဖို့ရှိ နေပြီး အဲရစ်ဆင်ကို သူ့နှင့်အတူ ခေါ်သွားနိုင်ကာ ကိန်းကိုလည်း ခေါ်သွားနိုင်ပါတယ်''

အမှန်တကယ်လက်ထပ်ထားခြင်းမပြုလုပ်ရသေးတဲ့ အဲရစ်ဆင်ကတော့ ''bulls*** '' လို့ တွစ်တာတွင်ရေးသားကာ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

စွပ်စွဲမှုများကိုတော့ ဗာတွမ်ဂန်ဟာ စိတ်ပျက်နေတဲ့ မျက်နှာပါတဲ့ အရုပ်များနှင့်ရေးသားကာ တုန့်ပြန်ခဲ့ပြီး အသဲပုံလေးကိုလည်း ရေးသားကာ အဲရစ်ဆင့်ဘက်က သူ့ရဲ့ရပ်တည်မှုကို ပြသခဲ့ပါတယ်။

အဲရစ်ဆင်နှင့် ဆက်ဘရီနာအေဗစ်ဂျက်ဆန်တို့ဟာ ၂၀၁၂ခုနှစ်တွင် စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ သားငယ်လေးနှင့်အတူ လန်ဒန်တွင် နေထိုင်နေတာလည်းဖြစ်ပါတယ်။

#စပါး #အဲရစ်ဆင် #ဗာတွန်ဂန်